Part 11

4K 187 11
                                    

On the other side(အခြားတစ်ဖက်၌)

နေမင်းရှိန် လမင်းသော်တာကိုရှာဖို့ ကားကို ကားparkingမှာထားပြီး ကျောင်းအုပ်ကြီးလည်းသူ့ကားသူထားပြီး ကားပေါ်မှဆင်းလာသည်။

Mallကကျယ်တော့ ရှာဖို့ခက်လောက်မည်ဖြစ်လို့ လူပျောက်ကြေငြာတဲ့အခန်းမှရှာဖို့ရာအတွက် ထိုအခန်းသို့ဦးစွာသွားရမည်ဟုတွေးထားပေမယ့် အပေါက်ဝကိုလှမ်းကြည့်လိုက်တော့ တွေ့လိုက်ရတဲ့မြင်ကွင်း...။လမင်းနဲ့ဟိုကောင်လေး...။စကားပြောနေပေမယ့် ခဏအကြာမှာ ဟိုကောင်လေးက လမင်းရဲ့နှုတ်ခမ်းကို သူ့လက်ဖြင့်ကိုင်ပြီးတော့ ကိုင်ထားတဲ့သူ့လက်ကိုသူ့ပါးစပ်နဲ့စုပ်လိုက်သည်။တောက်....အတော်မိုက်ရိုင်းတဲ့အကောင်ပဲ။ကိုယ်ကိုတိုင်တောင် မထိရက်မကိုင်ရက်နဲ့ထားတာကို မနေ့တစ်နေ့ကမှတွေ့တဲ့လူကပိုင်စိုးပိုင်နက်ဖြင့်။

ထိုမြင်ကွင်းကြောင့် နေမင်းရှိန်ဒေါသများ အတိုင်းအတာကိုကျော်လွန်၍ လမင်းသော်တာအား အဝေးမှလှမ်းခေါ်လိုက်ပြီး သူတို့ရှိရာအရပ်ကို တန်းတန်းသွားကာ လမင်းသော်တာဘေးက စွမ်းထက်နိုင်အား

"ခွပ်!!!"

နေမင်းရှိန်ရဲ့ အားပါတဲ့လက်သီးကြောင့် စွမ်းထက်နိုင်မြေပြင်ပေါ်သို့လဲကျသွားရ၏။သို့ပေမယ့် နေမင်းရှိန် လဲကျသွားတဲ့ စွမ်းထက်နိုင်အပေါ်ကိုနေရာယူပြီး အကျီကော်လံကို ဆွဲကာနောက်တစ်ချက်ထိုးလိုက်ပြန်သည်။ စွမ်းထက်နိုင်ကတော့ ပထမတစ်ချက်တင်မူးဝေသွား၍ ပြန်မလုပ်နိုင်သဖြင့် နေမင်းရှိန်ထိုးသမျှသာ ခံနေရရှာသည်။

"ခွပ်!!!"

"ဦးနေ... တော်ပါတော့"

လမင်းမတားရင် ကိုစွမ်းထက်နိုင်သေသွားနိုင်သည်။ အခုတောင် နှာခေါင်းသွေးတွေထွက်ကျနေပြီဖြစ်သည်။

"မောင်..မောင်နေမင်းရှိန် စိတ်ထိန်းပါဦး"

ကျောင်းအုပ်ကြီးရော ဝိုင်းဆွဲကြပေမယ့် မရပါ..။ ဆက်သာထိုးနေသည်။ Mall Securityတွေရောက်လာပေမယ့် ရန်ဖြစ်တဲ့သူကိုကြည့်လိုက်တော့ သူတို့CEOမှန်းသိတော့ မည်သူမျှမဆွဲရဲဘဲ ရပ်သာကြည့်နေကြရသည်။

On the other side(အခြားတစ်ဖက်၌)(Completed)Tahanan ng mga kuwento. Tumuklas ngayon