Part 5

5.2K 211 4
                                    

On the other side(အခြားတစ်ဖက်၌)

မနက် (၇) နာရီကျော်ကတည်းက မောင်းလာတဲ့ နေမင်းရှိန်တို့ ကားက ခုထက်ထိ လိုရာခရီးမရောက်နိုင်သေး။ အချိန်အားဖြင့် (၈)နာရီတောင် ထိုးခါနီးပြီ။ နေမင်းရှိန်တို့အိမ်က မြို့ရဲ့ အတွင်းပိုင်းထဲမှာရှိတော့ ခုလိုမြို့ပြင်နားထိ သွားရတော့ ခရီးက အင်မတန်ဝေးတယ်။

ခဏအကြာမှာတော့ လူခြေတိတ်နေရာတစ်ခုသို့ရောက်ရှိလာကြပြီ။ ဘေးပတ်ပတ်လည်မှာ ကွင်းပြင်အကျယ်ကြီးရှိပြီး ထိုကွင်းပြင်ကြီးရဲ့ အလယ်မှာ ဂိုဒေါင်ကြီးတစ်လုံးရှိနေတယ်။ ထိုဂိုဒေါင်ကြီးဟာ နေမင်းရှိန်ရဲ့ မေးမြန်းစစ်ဆေးရာနေရာတစ်ခုပေါ့။

"ဝူး.....ဝူး"

ကားနက်ပေါင်း(၁၀)စီး နီးပါးလုံး ထိုဂိုဒေါင်ကြီးနားမှာ ရပ်လျက်။

ထိုကားနက်တွေထဲမှ မည်းနက်တောက်ပြောင်နေတဲ့Nissan GT-R R35 ထဲမှ နေမင်းရှိန် ထွက်လာတယ်။သူထွက်လာတော့ ပါလာတဲ့သူ့တပည့်များအားလုံးက အလေးပြုကာနှုတ်ဆက်ကြတော့ နေမင်းရှိန် ခေါင်းတစ်ချက်ငြိမ့်ပြပြီး ဂိုဒေါင်ထဲကိုဝင်သွားတယ်။သဘောက *ဟုတ်ပြီ မင်းတို့လိုက်ခဲ့ကြတော့* ဆိုတဲ့ သဘော။ဂိုဒေါင်ထဲမှာ နေမင်းရှိန်တပည့်ငါးယောက်လောက် ထပ်ပြီးရှိနေသေးသည်။ပြီးတော့ကြိုးတုပ်ခံထားရတဲ့ လူတစ်ယောက်ရောပေါ့။ သွေးအလိမ်းလိမ်းနဲ့ဖြစ်နေပေမယ့် ထိုကြိုးတုပ်ခံထားရတဲ့လူကို နေမင်းရှိန်လူများ ရိုက်နေဆဲပင်။ထိုအခါမှ

"ရပ်တော့"

နေမင်းရှိန်ရဲ့အမိန့်သံကြောင့် ရိုက်သံများနှင့်တကွ အရာအားလုံးတိတ်ဆိတ်သွားကြ။

"နေပိုင်"

လို့လည်း ခေါ်လိုက်ရော နေပိုင်ကနေမင်းရှိန်ထိုင်ဖို့ ခုံတစ်ခုံယူလာတယ်။ထိုခုံပေါ်ကို နေမင်းရှိန်ထိုင်လိုက်ပြီး

"ကဲ ဦးရာဇာ...ဘယ်ကနေ စပြောကြမလဲ"

သူ့ရှေ့မှ ကြိုးတုပ်ထားတဲ့သူကို မေးလိုက်ခြင်း။ထိုအခါ ဦးရာဇာဆိုတဲ့သူက နေမင်းရှိန်ကို မော့ကြည့်ပြီး

"ဘာအကြောင်းမှ ပြောစရာမရှိဘူး"

အသံတိမ်တိမ်နဲ့ ပြောလိုက်တယ်။ရိုက်နှက်ခံထားရလို့ အသံက သိပ်မထွက်။

On the other side(အခြားတစ်ဖက်၌)(Completed)Tahanan ng mga kuwento. Tumuklas ngayon