Part-63

2.3K 95 3
                                    

On the other side(အခြားတစ်ဖက်၌)

"သား မူးရင် အမေ့ ပခုံးပေါ်လှဲပြီး အိပ်လိုက်နော်"

"ဟုတ်...ရတယ် မေမေ"

အဝေးပြေးလမ်းမပေါ်သို့ ပြေးလွှားနေတဲ့ မှန်လုံကားအကြီးကြီးပေါ်သို့ ဒေါ်ဟေမာန်သာနဲ့အတူ လမင်းသော်တာပါ လိုက်ပါလာခဲ့သည်။

*သားလေးက ကိုယ်ဝန်နဲ့မို့ အနားယူရပါမယ်ဆို ဟိုပြေးလိုက် ဒီပြေးလိုက်ဖြစ်နေရပြီ*

"လွန်ခဲ့သောရက်"

*ဟယ်လို*

"ဒေါ်ဟေမာန်သာ ခင်ဗျားတို့အဲ့ကနေ ပြန်ခဲ့တော့"

*ဟမ်...ဘယ်ကိုပြန်ရမှာလဲ*

"ဒီကိုပြန်လာခဲ့တော့"

*ဘာလို့လဲ*

"အဲ့မှာနေရင် လမင်းတစ်ခုခုဖြစ်လာနိုင်တယ်။သူ့မှာအန္တရာယ်ရှိတယ်"

*အဲ့တာဆိုလည်း ပြန်ခဲ့ပါ့မယ်*

"ဒီကို ပြန်လာတဲ့အကြောင်းကို ဘယ်သူ့ကိုမှ မဟမိစေနဲ့နော်...အသွားကတော့ ခရီးဆောင်ကားနဲ့ပဲ သွားလိုက်တော့။ဒီကလေဆိပ်မှာ ကျွန်တော့်လူတွေစောင့်နေတယ်။ခင်ဗျားတို့ကို လာကြိုကြမှာ။သူတို့ကလွဲလို့ ဘယ်သူနဲ့မှ မလိုက်နဲ့"

*ဟုတ်ပြီ ဟုတ်ပြီ*

"လမင်းကို ဂရုစိုက်ပါ"

*မင်းဘက်က အခြေအနေကလည်း သိပ်ကောင်းတဲ့ပုံမပေါ်ဘူး*

"ဘာမှ ရေရေရာရာပြောမရဘူး။ဒါပေမယ့် ခင်ဗျားနဲ့လမင်းကိုတော့ ကျိန်းသေကာကွယ်ပေးမှာပါ"

*ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။လမင်းက မင်းမရှိလို့ မဖြစ်ဘူး*

"ဟုတ်ကဲ့ပါ။ကျွန်တော့်ဘက်က အားလုံးကို အဆင်ပြေအောင်လုပ်ပေးမှာမို့ ဂရုစိုက်ကြပါ"

ထိုကောင်လေးနဲ့ ဖုန်းပြောပြီးနောက် ကေသီ့ကို အကျိုးအကြောင်းရှင်းပြပြီး ထွက်ဖို့ပြင်ရသည်။လမင်းကိုတော့ သားယောင်္ကျားက ပြန်ခေါ်နေတာလို့ပဲပြောလိုက်သည်။အခြေအနေမကောင်းတဲ့အကြောင်းတော့ မပြောတော့ဘူး။အလကားနေရင်း စိတ်ညစ်နေရမယ်။ခရီးကဝေးတော့ သက်တောင့်သက်သာပဲ သွားစေချင်တယ်။

On the other side(အခြားတစ်ဖက်၌)(Completed)Donde viven las historias. Descúbrelo ahora