Part 6

5K 195 12
                                    

On the other side(အခြားတစ်ဖက်၌)

"တီ.......တီ"

နှိုးစက်သံကြားတော့ လမင်းသော်တာတစ်ယောက်နိုးလာတယ်။
လမင်း နေ့လည်တုန်းက ထမင်းစားပြီး ဧည့်ခန်းထဲမှာ tv ကြည့်ရင်း အိပ်ချင်လာတာနဲ့ အခန်းပြန်အိပ်လိုက်တယ်။ အကြာကြီး အိပ်ပျော်သွားမှာဆိုးလို့ (၅) နာရီနှိုးစက်ပေးထားတယ်။ ဒီနေ့တနင်္ဂနွေနေ့ဆိုတော့ ဦးနေစောစောပြန်လာလောက်တယ်။ဦးနေ မလာခင် ရေချိုးထားရမယ်။

::::::::::::::::
::::::::::::::::

"boss အဆင်ပြေရဲ့လား"

နေမင်းရှိန် ခေါင်းငြိမ့်ပြလိုက်သည်။

အိမ်ပြန်ဖို့ ကားစထွက်ကတည်းက လမ်းတစ်လမ်းလုံးစကားတစ်လုံးမှ မပြောဘဲလိုက်လာတာ။ မျက်နှာကြီးကလည်း တင်းနေတာပဲ။ ကိုယ်ကသာ အရူးအတိုင်း သူ့ဘေးမှာ ကားမောင်းရင်းနဲ့ ဟိုဟာပြောလိုက် ဒီဟာပြောလိုက်နဲ့ သူကတော့ ခေါင်းငြိမ့် ခေါင်းခါကလွဲလို့ ဘာမှမပြော။ boss တို့များ လမင်းသော်တာကို ကောက်နေလိုက်တာ ကလေးကျလို့။ အဲ့လောက် စိတ်မချလဲ ဖွင့်ပြောလိုက်ပါလား။ တကယ်တည်း ကြောက်နေလိုက်တာများ။ ခုချိန်ကျ သူ့ရဲ့ သတ္တိတွေက ဘယ်မှာမှန်းတောင် မသိတော့ဘူး။ ဪ.... boss..... boss။

"တီ......တီ"

အိမ်ရှေ့ကို ရောက်လို့လာတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့ကား။

"ဟော သားပြန်လာပြီ"

"ဟုတ် ကြီးမေ"

မကြည်သောအသံ စိတ်ညစ်နေတဲ့ မျက်နှာဖြင့်ပြောလာတဲ့ နေမင်းရှိန်ကို ကြီးမေ သတိထားမိတော့နောက်က ပါလာတဲ့ မင်းခန့်အား ဘာဖြစ်လာတာလဲဆိုတဲ့အဓိပ္ပာယ်ဖြင့် မျက်ခုံးနှစ်ဖက် ပင့်ပြလိုက်တော့ မင်းခန့်က ခေါင်းရမ်းပြလိုက်တယ်။ သဘောက ထိန်းလို့ရတဲ့အခြေအနေမဟုတ်ဘူးလို့ပြောချင်တာ။

"လမင်း ဘယ်ချိန်က ပြန်ရောက်တာလဲ"

ဆိုဖာ ဆက်တင် ပေါ်ထိုင်ပြီး necktieကြိုးကို အနည်းငယ်လျော့ပြီး ကြီးမေအားမေးလိုက်ခြင်း

"နေ့လည် (၁၂) ကျော်ကျော်ကပဲ"

"နေ့လည်စာရော စားရဲ့လား"

On the other side(အခြားတစ်ဖက်၌)(Completed)Donde viven las historias. Descúbrelo ahora