Part 21

3.6K 181 14
                                    

On the other side(အခြားတစ်ဖက်၌)

"သိပ်ပြီးတော့ စိုးရိမ်စရာမလိုတော့ပါဘူး...။သွေးလည်းတိတ်သွားပြီဆိုတော့...မကြာခင်သတိရလာမှာပါ...သောက်ဆေးတွေပေးခဲ့မယ်...ချုပ်ရိုးကတော့ တစ်ပတ်လောက်နေမှသာဖြည်တော့...ပြီးတော့ တစ်ပတ်လောက်အနားပေးလိုက်ပါ....ကျောင်းလည်းမတက်ခိုင်းနဲ့နဲ့ဦး...အိမ်မှာပဲသက်သက်သာသာနေခိုင်း..."

"သူဘယ်ချိန်လောက်သတိရမှာလဲ..."

"မနက်ဖြန်မနက်လောက်ဆိုရင် သတိရတော့မှာပါ ကိုနေမင်းရှိန်...စိတ်မပူပါနဲ့...ကျွန်တော် လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးခဲ့တယ်..."

"ကျေးဇူးပါ ထူးမြတ်"

"ရပါတယ်ဗျာ...အဲ့တာဆို ကျွန်တော့ကို ခွင့်ပြုပါဦးနော်..."

ဆရာဝန်ထူးမြတ်လည်းထွက်သွားရော ပက်တီးအဖြူလေးနဲ့ကုတင်ပေါ်မှာ လဲလျောင်းအိပ်စက်နေတဲ့ ကောင်လေးရဲ့ဘေးတစ်နေရာကိုထိုင်လိုက်သည်။

"အရမ်းနာနေမှာပဲ....ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး... လမင်းအစားနာပေးလို့ရရင် လမင်းနာကျင်မှုတွေကို လွှဲပြောင်းပြီးယူလိုက်ချင်တယ်...ကိုယ်က တော်တော် အသုံးမကျတာပဲ ဒီလိုကလေးတစ်ယောက်တောင် မစောင့်ရှောက်နိုင်တာ။ရှေ့ဆက်ပြီး ဘယ်လိုရင်ဆိုင်ရမလဲမသိတော့ဘူး...ကာကွယ်ပေးနိုင်ပါ့မလား...လကိုယ့်လိုရှုပ်ထွေးတဲ့ဘဝထဲကိုခေါ်ခဲ့မိတာမှားနေပြီလား...အဆုံးရှုံးမခံနိုင်လို့ လက်မလွှတ်နိုင်ဘူး...တစ်ကိုယ်ကောင်းဆန်မိရင် ခွင့်လွှတ်ပေးပါ..."

"Bo...Boss ကျွန်တော်စကားပြောလို့ရမလား"

တံခါးပေါက်ကနေ မြင်လိုက်ရတဲ့သူ့ဆရာရဲ့အခြေအနေကြောင့် မင်းခန့်ဝင်သွားသင့်ဝင်မသွားသင့်ဆုံးဖြတ်နေသည်။

"ပြောလေ..."

"ဦးကျော်ဇင်မောင်တို့ကို ဘာမှမလုပ်တော့ဘူးလား"

"အင်း"

".........."

"လမင်းကို ကတိပေးထားတယ်လေ....ထားလိုက်တော့...ဘာမှမလုပ်နဲ့တော့"

"ဟုတ်ကဲ့ဗျ"

နေမင်းရှိန် ကတိတစ်ခုကိုလွယ်လွယ်နဲ့မချိုးဖျက်တတ်ပါ။အခုလိုမြတ်နိုးသူကို ပေးတဲ့ကတိဆို အသက်တမျှတောင် တန်ဖိုးထားဦးမည်။

On the other side(အခြားတစ်ဖက်၌)(Completed)Donde viven las historias. Descúbrelo ahora