Part-42 ⚠️Mature Content⚠️

5K 128 3
                                    

On the other side(အခြားတစ်ဖက်၌)

⚠️This part contains age-restricted words that describe sex⚠️

ဟာဝိုင်အီ၊ အမေရိကန်ပြည်ထောင်စု၏ မဲဆန္ဒနယ်မြေ။ဟာဝိုင်အီသည် ဩဂုတ်လ 21 ရက်၊ 1959 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ 50th ပြည်နယ်ဖြစ်လာခဲ့သည်။ ဟာဝိုင်အီသည် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းရှိ မီးတောင်ကျွန်းအုပ်စုတစ်ခုဖြစ်သည်။ ကျွန်းများသည် အရှေ့ဘက်တွင် ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုမှ ၂,၃၉၇ မိုင် (၃,၈၅၇ ကီလိုမီတာ) နှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ အနောက်ဘက်တွင် ၅,၂၉၃ မိုင် (၈,၅၁၆ ကီလိုမီတာ) ကွာဝေးသည်။ မြို့တော်မှာ ဟိုနိုလူလူဖြစ်ပြီး Oahu ကျွန်းပေါ်တွင် တည်ရှိသည်။

Ohauကတော့ လူသိများတဲ့ highway လမ်းကြီးတည်ရှိတဲ့နေရာပေါ့။ဆိုင်ကယ်စီးသူအတော်အများ ကျက်စားရာနေရာ။ဒီလမ်းမှာ ဆိုင်ကယ်စီးကြည့်ချင်တာ လမင်းသော်တာရဲ့ ဆန္ဒထဲက တစ်ခုပဲ။
အခုတော့ သူရောက်ရှိလာပြီ။

Halekulani hotel မှာ တစ်ပတ်စာ ဘိုကင်လုပ်လိုက်သည်။တစ်ရက်ကို မြန်မာငွေကျပ်(၁၃)သိန်းနီးပါးကုန်ကျပေမယ့် ပင်လယ်နဲ့နီးတဲ့နေရာမှာ တည်းချင်တယ်ဆိုတဲ့ လမင်းသော်တာကြောင့် (၉၁) သိန်းကို လက်လွတ်စပယ်ဖြုန်းလိုက်သည်။စျေးကြီးတာလည်း မပြောနဲ့ ဟိုတယ်ရဲ့ဝန်ဆောင်မှုကလည်း ကောင်းတဲ့အပြင် အခန်းတွေကလည်း အတော်ကို ကျယ်ဝန်းသည်။အစားသောက်ကအစ သပ်ရပ်မှုရှိလို့ ဒီ hotel ကို သူရွေးချယ်လိုက်ခြင်းသာ။ဒါ့အပြင် သူတို့ တည်းတဲ့နေရာနဲ့ မိနစ်(၄၀)ကျော်လောက် မောင်းရင် Okinawa Churaumi Aquarium(ရေပြတိုက်)တစ်ခုနဲ့ Oceanic Culture သမိုင်းဝင်ပြတိုက်ရှိလို့ လည်ပတ်ဖို့ရာအဆင်ပြေသည်။

လေယာဉ်စီးပြီး ပင်ပန်းနေတဲ့ လမင်းသော်တာ ထုံးစံအတိုင်း အိပ်ပျော်သွားပြီ။အင်္ကျီမလဲပဲ တန်းအိပ်လိုက်တော့ ယောင်္ကျားဖြစ်သူက ညဝတ်အင်္ကျီကို သူကိုယ်တိုင် လဲပေးလိုက်သည်။

"အင်း.....ဗိုက်ဆာတာ"

အကြောဆန့်ပြီးနိုးကာ ဗိုက်ဆာသည်ဟု ညည်းတွားလိုက်သည်။

"ဟင်...ဗိုက်ဆာတာလား"

"ဟုတ်"

"တစ်ခုခုမှာလိုက်မယ်လေ"

On the other side(အခြားတစ်ဖက်၌)(Completed)Donde viven las historias. Descúbrelo ahora