Part-36

2.4K 136 8
                                    

On the other side(အခြားတစ်ဖက်၌)

သွေးလန့်ပြီး ပြေးလာလိုက်တာ ဘယ်နေရာတွေရောက်လာမှန်း ကျွန်တော်လည်းမသိတော့ဘူး။နောက်ကိုလည်းပြန်ဆုတ်မှာမဟုတ်တော့သလို ရှေ့ဆက်သွားဖို့လည်း သတ္တိမရှိပါ။ဘယ်ဆီဘယ်နေရာကိုဦးတည်မှန်းမသိတဲ့ အဝေးပြေးလမ်းမကြီးတစ်ခုပေါ် ကျွန်တော်သောင်တင်နေသည်။

တိတ်ဆိတ်လိုက်ပုံကတော့ ငှက်မြည်သံလေးတွေတောင်မကြားရတဲ့အထိပင်။ထိုအချိန်တွင် ကားတစ်စီး ကျွန်တော့ရဲ့ရှေ့သို့ရောက်ရှိလာသည်။

"သား....လမင်း"

"အန်တီတို့ပါလား"

မဟာ့ရဲ့အဖေနဲ့အမေ။

"သား တစ်ယောက်တည်းလား"

"မောင်နေမင်းရော"

"............."

မဟာ့အဖေမေးတဲ့ မေးခွန်းကို ကျွန်တော်ဘယ်လိုဖြေရမလဲ။

"ကျွန်တော်...ကျွန်တော် အိမ်ကနေ....ထွက်ပြေးလာတာပါ"

"ဘယ်လို....."

"မောင်နေမင်းမသိဘူးပေါ့"

"သူ....သိပါတယ်"

"ဟေ....သိရဲ့သားနဲ့ လွှတ်လိုက်တာလား"

"မဟုတ်ပါဘူး"

"အဲ့တာတွေထားလိုက်ပါ....သားအန်တီတို့နဲ့လိုက်ခဲ့ပါနော်"

"ကျွန်တော်....."

"သားမလိုက်ဘူးဆိုရင် အန်တီတို့လည်း မသွားဘူး သားပါမှ သွားမှာ"

"အဲ့လိုမလုပ်ပါနဲ့ အန်တီ"

"မလုပ်လို့မရဘူး သား...။သားက ဘယ်နေရာတွေသွားဖူးလို့လဲ...ခေတ်ကာလကောင်းတာမဟုတ်လို့ သားအတွက် နေရာတိုင်းမှာ အန္တရာယ်တွေချည်းပဲ....သားအနေနဲ့ မောင်နေမင်းနဲ့ ပြဿနာတစ်ခုခုဖြစ်လို့ သူ့ဆီကို ပြန်မသွားချင်ဘူးထင်တယ်.... ဒါပေမယ့် အခုလိုတော့ လျှောက်မသွားပါနဲ့.... အန်တီတို့နဲ့လိုက်ခဲ့ပါ။အိမ်မှာ သားသူငယ်ချင်း မဟာလည်းရှိတာပဲ...သားအဖော်ရပါတယ်။အန်တီတို့အိမ်ကိုပဲလိုက်နေပါသားရယ်....နော်"

"ဟုတ်ပါတယ် ဦးတို့နဲ့လိုက်ခဲ့ပါ"

"ဟုတ်ကဲ့....အဲ့တာဆိုလည်း ကျွန်တော် လိုက်နေပါ့မယ်"

On the other side(အခြားတစ်ဖက်၌)(Completed)Tahanan ng mga kuwento. Tumuklas ngayon