Part-32

2.5K 137 2
                                    

On the other side(အခြားတစ်ဖက်၌)

"ကြီးမေ boss ရှိလား"

"အေးရှိတယ် သား...အခန်းထဲကကိုထွက်မလာသေးတာ တစ်လက်စတည်း မနက်စာစားလို့ရပြီလို့ ပြောလိုက်စမ်းပါ့ကွယ်"

"ဟုတ်ကဲ့ဗျ"

မင်းခန့်တစ်ယောက် သူ့ဆရာက အလုပ်သွားဖို့ လာခေါ်ဆိုလို့ မနက်အစောကြီးရောက်နေသည်။လမင်းသော်တာမရှိတော့ မင်းခန်းနဲ့ပဲအလုပ်သွားတော့မည်။

"မင်းခန့်....လာ"

မင်းခန့်လည်း တံခါးခေါက်၍ခွင့်တောင်းပြီး လာခဲ့ဆိုလို့ ဝင်သွားလိုက်တော့ ဆေးလိပ်အနံတွေကို မွှန်ထူနေအောင် ရလိုက်သည်။တစ်ခန်းလုံးဆေးလိပ်အနံ့တွေချည်းပဲ။

"Boss...."

"ဟမ်..."

"ဘယ်လောက်ထိတောင် သောက်ထားရသလဲဗျာ
တကယ့်ကို မွှန်ထူနေတာပဲ"

"တစ်ဗူးတည်းပါ"

"တစ်ဗူးတည်း ဟုတ်လား...အဲ့တာက နည်းတာလား....လမင်းသော်တာသာသိရင် ထိုင်ငိုနေမှာ သေချာတယ်"

"ငါအခုလို သောက်တဲ့အကြောင်းကို ပြန်လာရင် မပြောနဲ့နော်"

"မပြောလည်း သူသိမှာပဲ။တစ်ခန်းလုံး ဒီလောက်တောင် ရှုပ်ပွနေပြီး ဆေးလိပ်တိုတွေချည်းပဲ။ပြီးတော့ ပြာတွေရော...ဆေးလိပ်နံ့တွေကလည်း ထောင်းထောင်းထလို့ ကျွန်တော်မပြောလဲသူသိမှာပဲ...ဘာလို့ အဲ့လောက်တောင် သောက်ရတာလဲဗျာ"

"စိတ်တွေရှုပ်လွန်းလို့ပါ...ဒီလိုပဲ သောက်ရင်းသောက်ရင်းနဲ့ တစ်ဗူးလုံးကုန်သွားတာ"

"မျက်ကွင်းတွေကလည်း ညိုလို့"

"အိပ်မှမပျော်တာ"

"အဲ့တာမြန်း လွှတ်နေသေးတယ်"

"မသွားရရင် သူက စိတ်မကောင်းဖြစ်နေဦးမှာ...ထားလိုက်ပါ နောက်နှစ်ရက်ဆိုပြန်လာတော့မှာပဲ"

မင်းခန့်တစ်ယောက်လည်း ဘာမှမပြောနိုင်တော့ဘဲ သက်ပြင်းသာချလိုက်သည်။

"အော်...မင်းခန့်...ကားတစ်စင်းလောက်ဝယ်မလို့"

"ဘယ်ထဲကလဲboss"

On the other side(အခြားတစ်ဖက်၌)(Completed)Donde viven las historias. Descúbrelo ahora