Part-40

2.6K 131 6
                                    

On the other side(အခြားတစ်ဖက်၌)

Yesterday(flashback)

"လမင်း ကိုယ့်ဖို့အင်္ကျီ....."

မေ့နေတာ လမင်းမှမရှိဘဲ။ပုံမှန်ဆို ရေချိုးပြီးရင် လဲဖို့အဝတ်ကို အရံသင့်ပြင်ပေးတတ်တဲ့ကောင်လေးကိုယ့်နားမှာမရှိတော့ဘူး။နေသားကျအောင် ကြိုးစားနေရတာ အရမ်းကိုခက်ခဲလွန်းတယ်။

"ကြီးမေ မနက်စာစားရအောင်"

"အေးအေး"

လမင်းသော်တာရှိတုန်းက ထမင်းစားခန်းဟာ သူ့ရဲ့စကားသံတွေ၊ရယ်မောသံတွေနဲ့ စိုပြေနေတယ်။အခုတော့ ဘာသံမှ မကြားရလောက်အောင်ထိ တစ်အိမ်လုံးတိတ်ဆိတ်နေတာ။မနက်တင်မဟုတ် တစ်နေ့လုံးနီးပါးပင်။

"ကြီးမေ မုန့်ဟင်းခါးပြင်ထားတယ်နော် သား"

"ဟုတ်"

လမင်းဆေးရုံတက်ကတည်းက တစ်မှိုင်တစ်ထွေထွေနဲ့ စိတ်နဲ့လူကလည်းကပ်ပုံမရ။ဒီကလေးတွေနဲ့တော့ ဘာလုပ်ရမှန်းကိုမသိပါဘူး။

"အား....."

ကြီးမေလှမ်းပေးတဲ့ ပန်းကန်ကို လှမ်းယူလိုက်မိပေမယ့် အာရုံက လွင့်မြောနေလို့ ပန်းကန်လွတ်ကျပြီးပန်းကန်ထဲကဟင်းရည်တွေ သူ့အပေါ်မှောက်ကျလေရော။

"သား.....အပူလောင်သွားသေးလား"

"နည်းနည်းပါ"

တစ်ဖန်သတိရသွားပြန်ပြီ။အခုချိန် လမင်းသာအနားမှာရှိရင် "သတိထားမှပေါ့" ဆိုပြီး သူ့ကိုဆူငေါက်ပြီး ပြောဦးမှာအသေအချာ။ပြီးတော့ သူနာကျင်တာကိုကြည့်ပြီး မျက်ရည်လေးတွေက ဝဲတက်လာဦးမှာ။ "နောက်အဲ့လိုမဖြစ်စေနဲ့လို့"မှာပြီး ဆေးတွေလိမ်းပေးဦးမှာရယ်။ခံစားလွယ်တဲ့ လူကြီးပေါက်စလေးကို သူလွမ်းလှပါပြီ။

"အများကြီးပူလောင်သွားတာပဲ သားရယ် ဆေးထည့်ရအောင်"

"တော်ပါပြီ ကြီးမေ"

"သားရယ်....."

"........."

"ကြီးမေပြောပါဦးမယ် သားအခုလိုလုပ်နေတာ လမင်းရော သားပါ ရင်ကွဲထုမတတ်ခံစားနေရတာ။စကားများပြီး ရန်ဖြစ်ကြတာလည်းမဟုတ်ဘဲ အခုလိုကြီးနေတာတော့မကောင်းဘူးထင်တယ်သား။အခုဆို သားဘာလဲဆိုတာ သူသိသွားပြီပဲ။သူ့ဘက်က လက်ခံနိုင်နေတာကို သားကဘာလို့ တွန်းဖယ်ချင်နေရတာလဲကွယ်"

On the other side(အခြားတစ်ဖက်၌)(Completed)Tempat cerita menjadi hidup. Temukan sekarang