Part 14

3.7K 168 7
                                    

On the other side(အခြားတစ်ဖက်၌)

ထမင်းစားပြီး Lunch room ထဲမှထွက်လာကြပြီးအပန်းဖြေရန် ခုံတန်းရှိရာနေရာများကို တူတူလျှောက်လှမ်းလာကြတဲ့ စကားတစ်ပြောပြောနဲ့သူငယ်ချင်းသုံးယောက်။

"ဟေ့ယောင်တွေ...ငါ့မွေးနေ့ရောက်တော့မှာနော်"

"အေးဟုတ်သားပဲ။မင်းနဲ့လမင်းနဲ့က ရှေ့ဆင့်နောက်ဆင့် သိပ်မကွာဘူးလေ"

"အေး ဟုတ်တယ်"

"အော်...ဘာလိုလိုနဲ့ မဟာတောင်အသက်ပြည့်တော့မှာပဲ"

"အသက်ကတော့ အခုမှပြည့်မှာ။စိတ်ရဲ့ အသက်ကတော့ ပြည့်ခဲ့တာကြာပြီ"

"လေကြီး မိုးကြီးနဲ့။ရည်စားတောင် တစ်ယောက်မှမထားဖူးတဲ့ကောင်ကများ"

"မင်းရောထားဖူးလို့လား။ဟွန်း...အားနေ ဖွန်ပဲကြောင်နေတာ"

"အဲ့တော့ ဘာဖြစ်လဲကွာ။ငါကအသက်ပြည့်လို့ ဖွန်ကြောင်တာပဲ"

"အသက်မပြည့်ခင်ကတည်းက မင်းကြောင်နေတာပါ"

"အဲ့တော့...အဲ့တော့....."

"ကဲ.....တော်ကြပါတော့ကွာ..."

စနောက်နေရင်းနဲ့  ရန်ထဖြစ်တော့မယ့်သူနှစ်ယောက်ကို လမင်းကပဲဝင်တားပေးလိုက်ခြင်း။

"မင်းမွေးနေ့က နောက်နှစ်ပတ်နေရင်မို့လား"

"အေး ဟုတ်တယ်"

လမင်းမေးတာကို ပြန်ပြောလိုက်တဲ့ မဟာ မသာမယာအသံဖြင့်။

"ဘာလုပ်ဖို့ စီစဉ်ထားလဲ"

"၁၈နှစ်ဆိုတာ တစ်သက်မှာတစ်ခါပဲပြည့်တာလေ၊ ပြီးတော့ အသက်ပြည့်တဲ့သူတစ်ယောက်ဖြစ်သွားတဲ့အထိမ်းအမှတ်နဲ့...ငါဘာမှမလုပ်တော့ဘူးလို့ တွေးလိုက်တယ်"

"ဟမ်!!!"

သူရရော၊ လမင်းရော သံပြိုင်ပြောလိုက်ခြင်း။

"ရူးနေလား မဟာ"

"ရူးတော့ ဘာဖြစ်လဲ။မင်းစောက်ပူပါလား"

"မင်း...."

"ကဲ..ငါစိတ်တိုလာပြီနော် မဟာနဲ့သူရ!!!"

"........"

"ဘယ်လိုမှ....စကားကောင်းကောင်းကိုပြောလို့မရဘူး။မဟာ..မင်းလည်းနောက်စရာမရှိ ရှာကြံနောက်မနေနဲ့။သူရ..မင်းလည်း ထစ်ခနဲရှိဒေါသထွက်မနေနဲ့"

On the other side(အခြားတစ်ဖက်၌)(Completed)Where stories live. Discover now