Part-47

1.8K 97 6
                                    

On the other side(အခြားတစ်ဖက်၌)

"ဒွီ...ဒွီ"

"ဟယ်လို"

"ဟယ်လို နေ ငါရယ် ကလျာနွယ်"

"ကလျာ"

"အေး...ငါပြန်လာတော့မှာ ငါနင့်ကို ပြောစရာရှိတယ်။အကူညီလည်း တောင်းချင်တယ်။ငါ့ကို ကူညီမယ်မို့လား"

"နင်ဘာဖြစ်နေတာလဲ"

"ငါရောက်ရင် ပြောပြမယ်။ငါ daffodils ဟိုတယ်မှာတည်းမှာ။ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်။နင်လာခဲ့"

"အေးအေး"

*ကလျာနွယ်။အယုံကြည်ရဆုံး သူငယ်ချင်းထဲက တစ်ယောက်ပဲ။ကိုယ့်အကြောင်းကို အားလုံးသိသလို သူ့အကြောင်းကိုလည်း ကိုယ်ကသိတယ်။အခုပြန်လာတဲ့အကြောင်းအရင်းကိုတော့မသိ*

ကလျာနွယ်က ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သွက်သွက်လက်လက်ရှိတဲ့ မိန်းကလေးတစ်ယောက်ပေါ့။Designer တစ်ယောက်။နိုင်ငံခြားမှာ နေပေမယ့် ဒီဘက်မှာလည်း သူပိုင်တဲ့ အဝတ်အထည်ရောင်းတာရှိတယ်။လမင်းနဲ့နေမင်းရှိန်ရဲ့ အဝတ်တွေဆို သူ့ဆိုင်ကပဲ မှာယူခြင်းသာ။စေ့စပ်ပွဲနေ့နဲ့လက်ထပ်တဲ့နေ့တုန်းက အဝတ်တွေဆို ကလျာနွယ်ကိုယ်တိုင်ချုပ်ခြင်းပင်။လမင်းသော်တာကတော့ နာမည်ကို ကြားဖူးပေမယ့် ရုပ်ကိုတော့တစ်ခါမှ မမြင်ဖူးပါ။

"ဒေါက်...ဒေါက်"

အတွေးကမ္ဘာထဲမျောနေတာ တံခါးခေါက်သံကြားမှ ရပ်တန့်သွားသည်။

"ကျွန်တော်ပါ"

"ဝင်ခဲ့လေ လမင်း"

"စာရင်းတွေလာပို့တာပါ...လေလံပွဲတုန်းက သုံးလိုက်တဲ့ အသုံးစရိတ်တွေပါဗျ"

"ကိုယ်စစ်ထားလိုက်မယ်နော်"

"ဟုတ်ကဲ့ဗျ"

"တောင်!!"

နေမင်းရှိန် ဖုန်းထဲသို့ဝင်ရောက်လာသော message တစ်ခု။ဖုန်းပိတ်ထားလို့ screen မှာပေါ်လာတဲ့ message bar လေးကို လမင်းသော်တာ လျှပ်တစ်ပြက်မြင်လိုက်သည်။သေသေချာချာတော့ မမြင်လိုက်ရ။

*ငါပြန်လာတဲ့အကြောင်းကို ဘယ်သူ့ကိုမပြောသေးနဲ့ဦး နေ*
တဲ့။နင်ဘာတွေလုပ်ထားတာလဲ ကလျာ။

On the other side(အခြားတစ်ဖက်၌)(Completed)Donde viven las historias. Descúbrelo ahora