On the other side(အခြားတစ်ဖက်၌)
မင်းခန့် သူကိုယ်တိုင်ပဲ ဆေးရုံမှာ လိုအပ်တာမှန်သမျှလုပ်ပေးပြီး လမင်းသော်တာရဲ့ လူနာစောင့်လုပ်နေသည်။ဆရာဖြစ်သူက ဟိုတစ်နေ့ကတည်းက ပြန်သွားတာ အခုထက်ထိ ဆေးရုံကိုမလာသလို သတင်းလည်းလှမ်းမမေးပေ။လမင်းသော်တာ သတိမရသေးလို့သာတော်သေးရဲ့။တော်ကြာ သူ့လူကိုမေးနေရင် သူဘယ်လိုဖြေရပါ့။
ထိုအချိန်တွင် အိပ်ရာထက်မှ အကြာကြီး မှိတ်စက်နေတဲ့ ကောင်လေးရဲ့ လက်ကလေးများ လှုပ်လာသည်။မင်းခန့်လည်း ဒါကိုတွေ့တော့ သူ့နားကို ကပ်သွားလိုက်သည်။
"လ...လမင်း...."
မျက်လုံးနှစ်လုံးပွင့်ပွင့်ချင်း မြင်လိုက်ရတဲ့မျက်နှာကျက်က ထူးဆန်းနေလို့ ဒါအိမ်မဟုတ်ဘူးပဲ။ဒါက..
ဆေးရုံပဲ။ကျွန်တော်မသေဘူးပေါ့။ဘေးကိုကြည့်လိုက်တော့ ဦးမင်းခန့်ကိုတွေ့လိုက်တယ်။ထပ်ပြီး မျက်လုံးကို ဘယ်ညာကစားကြည့်သော်ငြားလည်း ကျွန်တော် တကယ်တွေ့ချင်နေတဲ့ လူရဲ့ အရိပ်ကိုတောင် မတွေ့ရပါ။"ဦး...ဦးမင်းခန့်...ဦးနေရော"
ဘယ်လိုပြောရပါ့။ထားခဲ့ပြီလို့ပြောရမှာလား။အခုမှသေရွာကပြန်လာတဲ့ကလေးတစ်ယောက်ကို ဒီလိုမပြောသင့်ဘူးမို့လား။boss လုပ်ရက်တယ်။လက်လွှတ်မယ်ဆိုရင်တောင်မှ သူနိုးတဲ့အထိတော့ ဘေးမှာနေပေးသင့်ပါတယ်။
"ဦးမင်းခန့်.....ဦးနေရောလို့"
"ဟို.....ဟို.....boss"
"ဘာ....ဘာဖြစ်လို့လဲ...မဟုတ်မှ....."
လက်မှာ ချိတ်ထားတဲ့ ဆေးပိုက်များကို ဆွဲဖြုတ်ပြီး ကုတင်ပေါ်မှ ထပြေးဖို့ပြင်နေသည်။
"ဟေး...လမင်း...လမင်း...ဘယ်လဲ"
"ဖယ်ပါဗျာ....ဦးနေ...တစ်ခုခုဖြစ်နေတာမို့လား.... ကျွန်တော်သိတယ်.....လွှတ်ပါဗျာ....အသက်အန္တရာယ်စိုးရိမ်ရလား....ပြောပါဦး ကျွန်တော့ကို"
မင်းခန့် လမင်းသော်တာ လက်ကို ဆွဲကိုင်ထားပြီး ဘာပြောရမှန်းမသိပေ။
"လမင်း....စိတ်အေးအေးထားနော်....အိပ်ရာပေါ်ပြန်သွားလိုက်ပါ"
"ဟင့်အင်း.....ဦးနေဆီ လိုက်ပို့....သူကျွန်တော့ကို မျှော်နေမှာရယ်....သူသတိမေ့နေတာလား"
ESTÁS LEYENDO
On the other side(အခြားတစ်ဖက်၌)(Completed)
RomanceMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023