Part-37

2.4K 134 11
                                    

On the other side(အခြားတစ်ဖက်၌)

မြေသင်းနံလေးရောယှက်ထားတဲ့ lavenderပန်းအနံ့လေးက ကျွန်တော့နှာခေါင်းထဲသို့ တိုးဝှေ့လာသည်။ကျွန်တော် ဒီအနံကိုသိတယ်။ကျွန်တော်မှတ်မိနေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်သင်းနံ့ပေါ့။ထိုအနံ့လေးကကျွန်တော့ကို အိပ်စက်နေရာမှ နိုးထလာစေတယ်။မျက်စိနှစ်လုံးကို ဖွင့်လိုက်တော့ အရင်ဆုံးမြင်လိုက်ရတာက ရင်ခွယ်ကျယ်ကြီးတစ်ခု။ပြီးတော့ တင်းတင်းကျပ်ကျပ်ဖက်ထားတာကိုလည်း ခံရသေးသည်။ဘေးကိုကြည့်လိုက်တော့ ဒါမဟာ့အခန်းပဲ။

"အင်း...."

"ဟင်...ခင်ဗျား"

"ကိုယ့်ကို ခင်ဗျား...ခင်ဗျားနဲ့ ဘယ်ချိန်ထိ ခေါ်နေမှာလဲ"

"............."

"ဟင်..."

"ဘယ်လိုလုပ်....ဒီခန်းထဲရောက်နေတာလဲ"

"မင်းပဲ ဆွဲခေါ်ခဲ့တာလေ"

"ဟမ်..."

"မမှတ်မိတော့ဘူးလား"

"မခေါ်ပါဘူး"

"အဲ့ဒါဆိုလည်း ပြောပြရမှာပေါ့.....ညနေက လမင်းကိုယ့်ကားထဲမှာ အိပ်ပျော်သွားတာလေ"

".........."

"ကိုယ်ကလမင်းအိပ်နေတာကို မနှိုးရက်လို့ ပွေ့ချီပြီးခေါ်သွားတော့ လမင်းကိုယ်က နည်းနည်းနွေးနေတယ်။ရေပြောင်းမြေပြောင်းမို့ ဖျားတာနေမှာ။အဲ့တာနဲ့ ကိုယ်လည်း လမင်းကိုရေပတ်တိုက်...."

"ဟမ်...ရေပက်တိုက်...."

"အင်းလေ...မဟာ့အမေက သူလုပ်ပေးမယ်တော့ပြောတယ်။ဒါပေမယ့် ကိုယ်က လမင်းကခန္ဓာကိုယ်ကို ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှမထိစေချင်ဘူး"

"..........."

ဦးနေမင်းရှိန်တို့က လူကိုပိုင်စိုးပိုင်နက်နဲ့။

"ဆေးတိုက်ပြီး ပြန်မယ်လုပ်တော့  မထားသွားပါနဲ့ဆိုပြီး လမင်းကကိုယ့်ရဲ့လက်ကိုဆွဲထားတာလေ...
အဲ့တာနဲ့ ကိုယ်လည်း လမင်းဘေးကိုဝင်အိပ်လေးလိုက်တာ"

လိမ်တာာရယ်။ကျွန်တော်က ဘာကိစ္စဆွဲထားရမှာလဲ။မမှတ်မိတော့လည်း သူပြောတဲ့အတိုင်းပဲပေါ့။

On the other side(အခြားတစ်ဖက်၌)(Completed)Where stories live. Discover now