On the other side(အခြားတစ်ဖက်၌)
နှစ်ပေါင်းအကြာကြီးနေမှ ပြန်ပေါ်လာတဲ့သူက သူ့ရဲ့ဘဝတစ်ခုလုံးကို စကားများနဲ့တောင် ဖျက်ဆီးပစ်နိုင်သည်။အခုမှ ပေါ်လာတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကဘာများလဲ။မင်းဘုန်းမြတ်နဲ့ပေါင်းပြီး လက်စားချေဖို့လား။
"ဟယ်လို မူယာ။လမင်းရော"
*လမင်း နေ့လည်တုန်းကထွက်သွားပြီး ခုနကပြန်လာသေးတယ်။ပြီးတော့ ခွင့်တိုင်သွားတယ်။နေမကောင်းလို့တဲ့ ညနေအိမ်ပြန်ပြီနားချင်လို့ပါတဲ့*
လမင်းသွားတွေ့တယ်ဆိုတဲ့ ဒီဇိုင်းအပ်တဲ့သူက ဒေါ်ဟေမာန်သာလား။ဘယ်ကတည်းက ကြိတ်ကြံနေခဲ့တာလဲ။
အခုချိန် သူ့ခေါင်းထဲမှာ အတွေးပေါင်းများစွာနဲ့ သိပ်ကိုလည်း ကြောက်လန့်နေသည်။အဖေဖြစ်တဲ့သူသေခဲ့တာက ကိုယ်နဲ့လည်း မကင်းသလို အမေအရင်းဖြစ်တဲ့သူကိုပါ အဝေးကို တွန်းပို့ခဲ့မိတယ်လေ။သူ့ကိုချစ်တဲ့ အတ္တတွေကြောင့်လို့ပြောရင်ရော သူယုံနိုင်ပါ့မလား။
ကားကို အလျင်အမြန်မောင်းပြီး အိမ်သို့ရောက်ရှိလာခဲ့သည်။လမ်းမှာ ကြီးမေနဲ့ ဒရိုင်ဘာတစ်ယောက်ရဲ့ကားကို တွေ့လိုက်သည်။မဟုတ်မှ ကြီးမေကို တစ်ခုခုဝယ်ခိုင်းပြီ ပထုတ်လိုက်လာတာလား။
"ဗုန်း!!"
ကားတံခါးပိတ်လိုက်ပြီး အိမ်ထဲသို့ပြေးဝင်လာတော့ ထိုကောင်လေးက ဧည့်ခန်းထဲမှာချိတ်ထားတဲ့ သူတို့နှစ်ယောက် လက်ထပ်တုန်းက ရိုက်ခဲ့တဲ့ဓာတ်ပုံကို ကြည့်နေသည်။
"ရောက်လာပြီလား"
သူ့အားလှည့်မကြည့်ဘဲ အေးစက်စွာပဲ စကားကိုဆိုလိုက်သည်။
"လမင်း...နေမကောင်းဘူးဆို"
"မဟုတ်ပါဘူး...ကောင်းပါတယ်။သက်သက်မဲ့လိမ်ပြောလိုက်တာ"
"................"
မျက်နှာက သူ့ဘက်အားလှည့်လိုက်ပြီး
"လိမ်ရတဲ့အရသာကို သိချင်လို့ပါ"
ခံစားချက်မဲ့နေတဲ့မျက်လုံးများက သူ့နှလုံးသားအား အကြိမ်ကြိမ် သတ်နေသလိုပင်။
BINABASA MO ANG
On the other side(အခြားတစ်ဖက်၌)(Completed)
RomanceMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023