On the other side(အခြားတစ်ဖက်၌)
"ဘာမှာဦးမလဲ CEO"
"မမှာတော့ပါဘူး။အော်...လမင်းကို...အတွင်းရေးမှုးလေးကို လွှတ်လိုက်ပါဦး""
"ဟုတ်ကဲ့ရှင့်"
တစ်စုံတစ်ဦးက သူ့ကို ရုံးခန်းထဲမှာဆိုရင် လမင်းလို့မခေါ်ပါနဲ့တဲ့။အတွင်းရေးမှုးလို့ပဲ ခေါ်ပါတဲ့။
"CEO ကျွန်တော့်ကို ခေါ်တယ်ဆိုလို့"
"ဟုတ်တယ် အတွင်းရေးမှုးလေးကို ခေါ်လိုက်တာ ခိုင်းစရာရှိလို့"
"ဟုတ်ကဲ့"
"ကိုယ်ဝယ်ထားတဲ့ ဝန်းတစ်ခုရှိတယ်"
"ဟင်...ဘယ်တုန်းကလဲ"
"ဟိုနေ့ကပဲ ဝယ်လိုက်တာ။လုဝယ်ရတာ။အဲ့နေရာကို လူတော်တော်များများက သဘောကျနေကြတာ။အဲ့နေရာကို သွားကြည့်လိုက်ဦး။ပြီးတော့ ဝန်းပိုင်ရှင်အမနဲ့လည်း စကားလေးဘာလေးပြောပေါ့။ကိုယ်က အဲ့လိုစကားတွေကျ မပြောတတ်လို့ ဒီတာဝန်ကို လွှဲလိုက်ပြီနော်"
"ဟုတ်ကဲ့ စိတ်ချပါ CEO။ကျွန်တော် အကောင်းဆုံးဖြစ်အောင်လုပ်ပါ့မယ်"
"ယုံပါတယ်။မူယာ့ကိုရော ခေါ်သွားလိုက်"
"ဟုတ်ကဲ့ဗျ"
"............"
"ဟို....CEO ပြောစရာမရှိရင် ကျွန်တော် သွားလိုက်ပါဦးမယ်"
"ပြောစရာတွေကတော့ အများကြီးပဲ။အရမ်းချစ်တဲ့အကြောင်းတွေ..."
"CEO ရုံးခန်းထဲမှာနော်"
"သိပါတယ် အတွင်းရေးမှုးရယ်။ကျွန်တော် သိပါတယ်"
"အဲ့တာဆို မမူယာကိုခေါ်ပြီး အခုပဲ သွားလိုက်တော့မယ်နော်"
"ကောင်းပါပြီ"
ထိုအချိန်တွင် ဖုန်းဝင်လာသည်။
*Boss အားလား*
"အင်း...အားပါတယ်။ဘာလို့လဲ"
*ကျွန်တော်ပြောစရာရှိလို့။လာခဲ့ဦးမယ်*
"အင်း"
::::::::::::::
"ကျွန်တော်တို့ အခုသွားရမယ် မမူယာ"
"စာရွက်စာတမ်းရော ပါပြီလား"
"ဟုတ်ကဲ့"
"အဲ့တာဆိုလည်း သွားကြရအောင်"
YOU ARE READING
On the other side(အခြားတစ်ဖက်၌)(Completed)
RomanceMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023