On the other side(အခြားတစ်ဖက်၌)
⚠️This part contains age-restricted words that describe sex⚠️
"အောင်မြင်သွားပြီ!!!ရေး"
ငမူးလေးအော်လိုက်တာ သူတို့စားပွဲဝိုင်းကို လူတွေအားလုံးဝိုင်းကြည့်နေကြသည်။
"လမင်း...အရမ်းမူးနေပြီ"
"မမူးပါဘူးဆိုနေမှကို....ဦးနေ ကျွန်တော် အောင်မြင်သွားပြီ။ကျွန်တော်လုပ်တဲ့ လည်ဆွဲလေးအောင်မြင်သွားပြီ"
"အင်းဟုတ်တယ်။ဂုဏ်ပြုပါတယ်"
လမင်းသော်တာ ခုံပေါ်မှဆင်းကာ နေမင်းရှိန်ကို ထိုင်ကန်တော့လိုက်သည်။
"ဟ...လမင်း...ဘာလုပ်နေတာလဲ...ထ..ထ"
ဒီငမူးလေးနဲ့ သူလည်း ကြာတော့ ရှက်တောင်လာသည်။လမင်းသော်တာကတော့ မူးနေတော့ ရှက်ရကောင်းမှန်းလဲမသိ။
"အဟီးဟီး....ဂမ်ဆာမီသာ"
ဆိုပြီး ပြုံးပြုံးကြီး ပြောနေလေရဲ့။
"ဆာရာငယ်....အဟီးဟီး....ဦးနေ ဆာရာငယ်"
ကြမ်းပြင်ပေါ်ကနေ လက်ညှိုးနဲ့လက်မသုံးပြီး အသည်းပုံလေးတွေ လုပ်ပြနေသည်။
"လမင်း....ထတော့"
"မထဖူး"
"ဟာ"
"ချစ်တယ်လို့ပြောမှ ထမှာ"
"ချစ်တယ်နော်....ထတော့"
"အဟီးဟီး..."
သူထူလိုက်မှပဲ ထလာတော့သည်။
"ဟယ်လို...မင်းခန့်"
*ဟုတ်ကဲ့ဗျ*
"ငါပြန်တော့မယ် လမင်းက အရမ်းမူးနေလို့"
"မမူးပါဘူးဆို!"
အော်လိုက်တာ နားစည်တွေတောင် ကွဲတော့မယ်။
*ဟုတ်ကဲ့ဗျ။ကျွန်တော်အားလုံးစီစဉ်လိုက်ပါ့မယ်*
နေမင်းရှိန်လည်း ဒီငမူးလေးကိုဒီတိုင်းထားရင် မဖြစ်တော့လို့ အိမ်ပဲပြန်ခေါ်ဖို့ရာအတွက် ကားပေါ်သို့ ခေါ်လာခဲ့သည်။
"ကျွန်တော်လေ....ကျွန်တော်...အေ့"
"အန်ချင်တာလား"
YOU ARE READING
On the other side(အခြားတစ်ဖက်၌)(Completed)
RomanceMature Content, M-preg ယခုဖန်တီးထားသော ဇာတ်လမ်းမှာ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိခဲ့သော် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါ။ Start Date: 13.11.2022 End Date : 28.6.2023