Part-48

1.7K 93 9
                                    

On the other side(အခြားတစ်ဖက်၌)

"အားနည်းပြီး မူးလဲသွားတာပါ။အစာသေချာမစားဘူးနဲ့တူတယ်"

"ဟုတ်တယ်။မနေ့ကလည်း နေ့လည်စာမစားဘူး။ဒီနေ့လည်းမစားဘူး"

"ဘယ်လို"

ဆုပြည့်နဲ့ မူယာ လမင်းသော်တာမူးလဲတဲ့အကြောင်း နေမင်းရှိန်ကို အကြောင်းကြားလိုက်တော့ အိမ်ကိုခေါ်သွားပေးပါဆိုတဲ့အမိန့်ကြောင့် သူတို့နေအိမ်သို့ရောက်လာခဲ့သည်။ဆရာဝန်ကိုခေါ်ပြီး အိမ်ကိုလာခဲ့ပါ့မယ်လို့လည်း မှာလိုက်သည်။ထူးမြတ်ကို ထပ်ခေါ်ပြီး လမင်းသော်တာရှိရာ သူတို့နေအိမ်သို့ ရောက်လာခဲ့ကြသည်။

"ဟုတ်တယ်သား...မနေ့ညကလည်းမစားဘူး။ဒီနေ့မနက်လည်း စားမသွားဘူး"

ဘေးနားမှာရပ်နေတဲ့ကြီးမေကပါ ဝင်ပြောလိုက်သည်။

"ဟင်...အဲ့တာဆို လမင်းဘာမှမစားတာ (၂) ရက်နီးပါးရှိနေပြီပေါ့"

"ကျစ်...လမင်း ဘာလို့အခုလိုတွေလုပ်နေတာလဲ။ဘာမှမစားဘဲနေတာ သူ့အတွက် အများကြီး ထိခိုက်တယ်ဆိုတာ သူမသိဘူးလား။ပြောရဆိုရခက်လိုက်တာ။ဘာလို့မြန်း စကားကိုနားမထောင်ချင်ရတာလဲ လမင်းသော်တာရာ"

"ကျွန်တော်ဆေးလေးပေးခဲ့ပါပြီနော်။အာဟာရဖြစ်တာလေး တစ်ခုခုကျွေးပြီး ဒီအားဆေးလေးကို တိုက်လိုက်ပါ"

"ထူးမြတ်ကို ကျွန်တော်လိုက်ပို့လိုက်မယ် boss"

မင်းခန့် ထူးမြတ်ကို လိုက်ပို့ပြီး ဆုပြည့်နဲ့ မူယာလည်း အလုပ်တွေရှိသေးလို့ သူတို့ဥက္ကဌကို နှုတ်ဆက်ကာ ပြန်သွားကြသည်။ကြီးမေလည်း လမင်းနိုးရင် စားဖို့ဆိုပြီး မုန့်သွားပြင်နေသည်။

လမင်းသော်တာရဲ့ နဖူးပြင်လေးပေါ်မှာ ဝဲကျနေတဲ့ ဆံသားလေးမျာကို သပ်တင်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"ဘာလို့ခေါင်းမာရတာလဲ လမင်းရယ်"

ခဏအကြာမှ လမင်းသော်တာနိုးလာခဲ့သည်။မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ အရင်ဆုံးတွေ့လိုက်ရတာ သူချစ်သောသူ။

On the other side(အခြားတစ်ဖက်၌)(Completed)Where stories live. Discover now