Part-49

1.8K 98 2
                                    

On the other side(အခြားတစ်ဖက်၌)

"လမင်း"

တည်နေရာအတိုင်း လိုက်လာခဲ့တာ နောက်ဆုံးတော့ ကမ်းဘောင်လေးဘေးမှာ ထိုင်နေတဲ့ကောင်လေးကို သူတွေ့လိုက်ရသည်။

ရင်းနှီးတဲ့ ခေါ်သံကြားတော့ လမင်းသော်တာ နောက်လှည့်ကြည့်လိုက်သည်။

"ရောက်လာပြီလား"

"လမင်း...ကိုယ်..."

"ကျွန်တော်ပြောတာကို အရင်နားထောင်ပါ"

".........."

"ကျွန်တော်တို့...လမ်းခွဲရအောင်"

"လမင်း!"

ဒီစကားမျိုးထွက်လိမ့်မယ် သူထင်တောင်မထင်မိခဲ့ဘူး။မျက်ခုံးများကို တွန့်ကျိုးပြီး ဒေါသကြောင့် အသက်ရှုသံရော နှလုံးခုန်သံတွေပါ ကြားနေရသည်။အခု သူ့ပုံစံက ရန်လိုနေတဲ့ လူတစ်ဦးလို။

"ဒီလိုဖြစ်စေချင်နေတာမို့လား...ဟမ်"

"မင်း...မင်း..."

"ဘာမှပက်သက်စရာအကြောင်းမရှိတော့ဘူး"

"မင်း အဲ့ဒီ social media ပေါ်က သတင်းတွေကိုယုံတယ်လား"

"မယုံနိုင်ရတဲ့အကြောင်းပြချက်"

".........."

"ဟမ်...မယုံသင့်တဲ့အကြောင်းပြချက်ရော ပေးဖူးသလား"

"မင်းကို အခုကိုယ်ရှင်းပြမလို့ပဲ"

"တော်ပါတော့...တော်ပါတော့...ကျွန်တော် ပင်ပန်းနေပြီ။ရှင်သန်နေရတာ အရမ်းကို ပင်ပန်းနေပြီ..."

ပါးပေါ်က မျက်ရည်များကို စီးကျခွင့်ပြုလိုက်သည်။

"ခင်ဗျားကြောင့်..."

"ကိုယ်တောင်းပန်ပါတယ်...ကိုယ်ပြောပြမယ်... ခဏလေးနားထောင်ပေးပါ...နော်"

"ကျွန်တော့်မှာ အချိန်မရတော့ဘူး။ကားလာတော့မယ်"

"ကား...ဘယ်ကကားလဲ...ဘယ်သွားမလို့လဲ"

"ကျွန်တော် စိတ်တွေကို ပျော်ရွှင်စေနိုင်တဲ့နေရာပေါ့
သေချာတာကတော့ ဒီနယ်ပယ်မဟုတ်ဘူး...
အရိုးသားဆုံးပြောရရင် ခင်ဗျားနဲ့ဝေးတဲ့တစ်နေရာ"

On the other side(အခြားတစ်ဖက်၌)(Completed)Where stories live. Discover now