Part 8

4.4K 197 19
                                    

On the other side(အခြားတစ်ဖက်၌)

"ဟဲ့ ပလုတ်တုတ်"

"လမင်း မင်းခလုတ်တိုက်တာ ဒီတစ်ခါနဲ့ဆို သုံးကြိမ်ရှိပြီ"

မဟာပြောလည်း ပြောချင်စရာပဲ။ Lunch roomထဲမှာ ထမင်းစားပြီး ရေသောက်သွားတော့ တစ်ခေါက်ခလုတ်တိုက်တယ်။ Lunch room ထဲကထွက်တော့ တစ်ခေါက်။ အခုအတန်းထဲဝင်ခါနီးကို တစ်ခေါက် တိုက်ပြန်ပြီ။ ဘာတွေဖြစ်နေမှန်းကို မသိ။

"ငါကြားဖူးတာကတော့ ခလုတ်တိုက်တယ်ဆိုတာ လူတစ်ယောက်ယောက်က ကိုယ့်အကြောင်း စဉ်းစားနေလို့တဲ့"

ထိုသို့ သူရကပြောတော့ မဟာကပါ

"ကိုယ့်အကြောင်းကို ပြောနေလည်းဖြစ်
တတ်တယ်တဲ့"

သံယောင်လိုက်ပေးပြီး

"မဟုတ်မှလွဲရော ကိုစွမ်းထက်ကများလား"

"အေးဖြစ်နိုင်တယ်"

"မဟာနဲ့ သူရ!!!"

"........"

"ငါ့ဘာသာငါ သတိမထားမိလို့ ခလုတ်လေးတိုက်တာကို ကိစ္စက အဲ့လောက်ကြီးထိ ကြီးသွားဖို့မလိုဘူးနော်"

"အေးပါကွာ မစတော့ပါဘူး"

သူရက မဟာ့ကိုကြည့်ပြီး မစနဲ့တော့ဆိုတဲ့ပုံစံနဲ့ မျက်ရိပ်မျက်ကဲပြကာ ပြောလိုက်သည်။ချော့ဖို့မှမလွယ်တာ လမင်းက။

"အာ့ဆိုလည်း လာကြ အတန်းပြန်တက်မယ်"

လမင်းတို့ကျောင်းက မနက်ကိုးနာရီကနေ နေ့လည် ၁၂ ထိသင်ပြီး၊ ၁၂ ကနေ ၁ နာရီအထိ နေ့လည်စာအချိန်အဖြစ်နားချိန်ပေးတယ်။ ၁ နာရီကနေ သုံးနာရီအထိ သင်ပြီးရင်တော့ အပြီးကျောင်းဆင်းပေးပေမယ့် တစ်တစ်ခါတစ်လေ အပိုချိန်တွေတော့ရှိတတ်တယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိတက်ရပြီး ရံဖန်ရံခါ စနေနေ့တွေပါ အပိုချိန်အဖြစ်သင်ရပြန်သေးသည်။

ကျောင်းသူ၊ ကျောင်းသားများ စိတ်ဝင်တစားကြည့်နေကြတဲ့ နံကပ်နာရီလေးက တဖြည်းဖြည်းနဲ့ သုံးနာရီထိုးသွားပြီ။

"ကလင်.......ကလင်........."

ကျောင်းဆင်းချိန် အချက်ပေးခေါင်းလောင်းမြည်လာသည်နှင့်တစ်ပြိုင်နက် မိမိရဲ့ လွယ်အိတ်နှင့်စာအုပ်တို့ကို ယူကာ အတန်းထဲမှ ထွက်ဖို့ရာအတွက် အားသန်နေကြသော စာသင်သားများ။

On the other side(အခြားတစ်ဖက်၌)(Completed)Donde viven las historias. Descúbrelo ahora