Part...4

1K 57 14
                                    

For Unicode

"Amber...ကိုယ်ခရီးသွားမယ့် တစ်ပတ်အတွင်း အဆင်ပြေအောင်နေနော်။ကိုယ်လည်း အလုပ်ကိစ္စကအရေးကြီးတော့ သွားမှဖြစ်မယ်"

"ငါ့ကိုစိတ်မပူပါနဲ့...ဘာမှနောက်ဆံတင်းနေစရာမလိုဘူး အေးဆေးသာလုပ်။မင်းသွားတုန်း ငါအိမ်ပြန်နေမယ်"

ခရီးသွားမယ့်ကိစ္စအားပြောပြကာ ဂျောင်ကု မှာစရာရှိတာမှာနေသည်။

Seoul shopping centerဆီကို ရည်ရွယ်၍ သွားနေသည့် ကားအဖြူလေးအား ဂျောင်ကုကပဲ့ကိုင်သည်။ကားမောင်းနေရင်း ဘေးကပြတင်းပေါက်ဘောင်ကို တံတောင်​ေထာက်ကာ နားထင်စပ်ကို လက်ချောင်းများနဲ့ပင့်ထောက်ထားသည်။

တစ်ပတ်ဆိုတာထက်ပိုပြီးမကြာတဲ​့ ခရီးဖြစ်သလို ကျန်နေခဲ့မှာကလည်း သန်သန်မာမာအမျိုးသားတစ်ဦးဆိုတာ သူသိသည်။သို့သော် သာမန်အမျိုးသားမဟုတ်ဘဲ သူ့အသည်းအသက်ဖြစ်နေတော့ စိတ်ပူမိတာအပြစ်မဟုတ်။ချစ်တော့လည်း ပူရတာပဲပေါ့။

"အင်း စိတ်ချမယ်...ကောင်းကောင်းနေခဲ့။ကျောင်းကပြန်လာရင်လည်း တံခါးကို သေချာပိတ်နော်"

"ဟမ်...တံခါးပိတ်ရမယ်"

ထယ်ယောင်း နားမလည်သဖြင့် သံယောင်ပင်လိုက်လိုက်မိသည်။ဂျောင်ကုက သူပြောတာကို မကြားလိုက်တာလား။

"ငါအိမ်ပြန်နေမှာလေ..."

"အဲ့တာကြောင့် ပြောတာပေါ့...တစ်ယောက်တည်းဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်"

"ငါ့မိဘအိမ်ကိုပြောတာ ဂျောင်ကု...ငါအဲ့ဒီ့မှာသွားနေမှာ"

ကျွီ...

Center၏ မြေအောက်ထပ်တွင် ကားအဖြူလေးတစ်စီး ရပ်တန့်သွားခဲ့သည်။
ကားစက်သတ်ရင်း သော့ပိတ်ကာ ဂျောင်ကု လုံခြုံရေးခါးပိတ်ကိုပါ ဖြုတ်လိုက်သည်။
ထို့နောက် ပယင်းငယ်၏ မျက်လုံးကြည်ကြည်နှင့် အကြည့်ချင်းဆုံသည်အထိ အနူးညံ့ဆုံး ကြည့်ရှုကာ နှုတ်ခမ်းတွန့်ရုံ ပြုံးပြ၏။

"ကိုယ်တို့အိမ်မှာပဲ လွတ်လွတ်လပ်လပ်နေခဲ့နော် လိမ္မာတယ်"

ထယ်ယောင်း ခပ်ရွဲ့ရွဲ့ရယ်လိုက်မိသည်။
နေဆိုတော့လည်း နေရမှာပေါ့။ဘယ်တတ်နိုင်ပါ့မလဲ။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Where stories live. Discover now