For Unicode
"အာ့..."
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေမှုကြောင့် ခပ်တိုးတိုးညည်းညူမိသည်။ခါးစပ်ကနာကျင်မှုကြောင့် လက်လှမ်းဖို့ ကြိုးစားမိပေမဲ့ မျက်စိလည်းဖွင့်မရသလို ကိုယ်ခန္ဓာကိုယ်လည်း လှုပ်ရှားဖို့မစွမ်းသာ။
'ကိုယ်တို့လွန်ကျူးခဲ့ကြပြီ...ထယ်ယောင်း'
"ဟင့်အင်း မဟုတ်ဘူး"
'စိတ်မကောင်းပေမဲ့ ဒီမှာ မှတ်တမ်းတွေတောင်ရှိနေသေးတယ်'
"ဂျွန်ဂျောင်ကု...မင်းလိမ်တာ"
'ကိုယ်က social mediaသိပ်မသုံးတတ်ပေမဲ့ မင်းကတော့ သုံးတယ်မလား ထယ်ယောင်း...ကိုယ်မင်းအကောင့်ကို tagတွဲပြီး မင်းရဲ့ပုံတွေကို အမှတ်တရတင်ပေးမယ်လေ'
"ဂျောင်ကု...အား"
ချွေးသံရွှဲရွှဲနဲ့ နိုးထခဲ့ရတဲ့ ညသန်းခေါင်။
ဖြစ်ပျက်ခဲ့တာတွေကို အစွဲပြုပြီး ဦးနှောက်ကတာဝန်ယူကာ အိပ်မက်ဆိုးတွေကို ဖန်တီးပေးခဲ့သည်။တဒိန်းဒိန်းအသံတွေနဲ့ တုန်ခါမှုက ဝဲဘက်ရင်အုံမှာ အခြေတည်၏။
နာရီတစ်ချက်ကြည့်မိလိုက်တော့ သန်းခေါင်းယံ ည(၂)နာရီ။ပြောင်းလဲမှုမရှိတဲ့ ပတ်ဝန်းကျင်ကြောင့် လူယုတ်မာတစ်ယောက် ပြန်မလာခဲ့ဘူးဆိုတာ သတိထားမိ၏။
ရေခဲသေတ္တာရှိရာကိုသွားကာ ရေတစ်ခွက်ယူသောက်လိုက်သော်လည်း စိတ်တွေက မတည်ငြိမ်သေး။သန်းခေါင်ထက်လည်း ညဉ့်မနက်နိုင်တော့ပါ။
အိမ်ရှေ့စားပွဲက ခြင်းထဲမှာ အဆင်သင့်ရှိနေသေးသည့် ဂျောင်ကုရဲ့ကားသော့။ဂျောင်ကုဟာ သွေးရူးသွေးတန်းပြေးထွက်သွားခဲ့တာကိုပဲ ကျေးဇူးတင်မိသည်။
ကားသော့ကိုဆွဲလို့ ဂျောင်ကုကားကို ပိုင်စိုးပိုင်နင်းယူစီးကာ စိတ်ကူးတည့်ရာဆီ ထွက်လာခဲ့မိသည်။ကားမောင်းရင်းပင် စတီယာရင်ပေါ် ဒေါသအချို့ ပုံချမိပြန်သည်။
လူက လှုပ်ရှားချင်စိတ်တောင်မရှိပေမဲ့ စိတ်ဆောင်နေတော့ လိုရာရောက်ခဲ့သည်။
"ဒီနေရာ...တစ်နှစ်နီးပါးအကြာမှာ ပြန်ရောက်လာခဲ့ပြီပဲ"
ကားလမ်းတစ်လျှောက်မှာ မြင်တွေ့ခဲ့ရသည့် တိတ်ဆိတ်သောပတ်ဝန်းကျင်နဲ့ ကွာခြားစွာ ဒီနေရာတွင်တော့ လူထူထပ်နေသည်။
YOU ARE READING
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Fanfictionသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023