Part...5

890 50 7
                                    

For Unicode

နေ့သစ်တစ်ခုအစပြုလို့ နေရောင်ဖြာကာ လင်းလက်တောက်ပနေပြီဆိုလျှင် ဂျောင်ကုတစ်ယောက် ပျင်းရိမနေဘဲ အိပ်ယာပေါ်က ဆတ်ခနဲထလိုက်သည်။

အိပ်ယာနိုးသည်နှင့် ပထမဆုံးတွေးမိသည်က သူ့ပယင်းငယ်အကြောင်း။အမျိုးသားလေးကရော အခုချိန်ဆို နိုးနေလောက်မလား၊ဒါမှမဟုတ် အပျင်းထူနေမလား။
လက်ထပ်ပြီးစ နေ့စွဲတွေမှာ မနက်ခင်းတွေအား ကင်မ်ထယ်ယောင်းကို နှိုးရခြင်းနဲ့စတင်သည်။

ဒါ့ကြောင့် အတူတူမရှိရတော့ ရင်ထဲမှာဟာတာတာ။
တီတီတာတာထုတ်မပြောချင်ပေမယ့် သိပ်လွမ်းနေတာတော့ သေချာပါရဲ့။ဒီနေ့နဲ့ဆို သူတို့မတွေ့ရတာ သုံးရက်ရှိပြီပဲ။

အိပ်ယာနှိုးမည်ကိုအကြောင်းပြကာ နှစ်သက်ရသည့် မျက်နှာလေးအား ကြည့်ရှုရဖို့ ကြံစည်သော်လည်း Super Sundayဖြစ်နေသဖြင့် ကိုယ့်စိတ်ကို ဘရိတ်အုပ်လိုက်ရသည်။ပိတ်ရက်လေးတော့ စိတ်ရှိလက်ရှိအိပ်ပါစေ။

'ကိုယ်အိပ်ယာနှိုးပြီ Amber...တိုက်ခန်းမှာပဲ လိမ်လိမ်မာမာနေနော်'

အက်ကြောင်းထပ်နေတဲ့ စကားတွေကိုသာ ထပ်ပြောမိသည်။ဖုန်းပြောသည့်အချိန်မှလွဲ၍ ပုံမှန်အချိန်တွေ တစ်ယောက်နဲ့တစ်ယောက်ပို့ဖြစ်တဲ့ messageက အိပ်ယာနိုးကြောင်း၊အိမ်ပြန်ရောက်ကြောင်း၊အိပ်ယာဝင်းကြောင်း။တစ်ခါတလေ နေ့လည်စာစားနေပြီဖြစ်ကြောင်း​ေတွပါ ပါတတ်သည်။

ခပ်ကြောင်ကြောင်အနေအထားမှာ ပြောစရာဆိုတာကလည်း ဒါပဲရှိတယ်မလား။
ဘယ်တတ်နိုင်ပါ့မလဲ။

လိမ်လိမ်မာမာနေဖို့ အမျိုးသားအား အမြဲပြောတတ်သည်မှာ သူ့ဝသီလိုပင်ဖြစ်နေပြီ။နာခံပါမလားဆိုတာကတော့ ထိုအမျိုးသားကိုပဲ စောင့်ကြည့်ရမှာပေါ့။

...

မနက်(၉)နာရီသာသာအချိန်မှာ အိမ်ကအမေကိုယ်တိုင်လာနှိုးသဖြင့် ထယ်ယောင်းအိပ်ယာထလိုက်ရသည်။

လှုပ်လိလှုပ်လဲ့နဲ့ ရေချိုးခန်းထဲဝင်သွားသည့် သားဖြစ်သူအားကြည့်ကာ မစ္စကင်မ်မှာ ခေါင်းတခါခါ။ရှုပ်ပွနေသည့် အိပ်ယာအား သိမ်းဆည်းရင်း သူ့(မ)သားကို နှမြောသည့်စိတ်တို့ ဝင်ရောက်လာရပြန်သည်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Opowieści tętniące życiem. Odkryj je teraz