For Unicode
စာမေးပွဲတစ်ခုလုံးကို ကြိုးကြိုးစားစားဖြေပြီးတဲ့နောက် ဟိုဝန်းတက်ကြွနေသည်။
ခရစ္စမတ်tripကတော့ တကယ်ပျော်စရာကောင်းမှာသေချာ၏။အစ်ကိုထယ်ယောင်းဆီကို တကူးတကသွားပြီး လိုက်မလိုက်မေးတော့ အစ်ကိုကလိုက်ဖြစ်လောက်မယ်တဲ့။အဲ့တာကြောင့် သူပါတစ်ခါတည်းစာရင်းပေးလိုက်သည်။
စာမေးပွဲပြီး သူငယ်ချင်းတွေနဲ့ လျှောက်လည်ကာ ညနက်သန်းခေါင်မှ အိမ်ပြန်လာခဲ့သည်။တစ်ခါတလေလေးပျော်ရတာဆိုတော့ ဇိမ်ကိုရှိနေရောပဲ။
တီ...တီ...တီ တီ
ချောက်
တံခါးလော့ဖွင့်ကာ အိမ်ထဲဝင်သွားတော့ အိမ်ကြီးကမဲမှောင်နေဆဲ။
"အစ်ကိုကြီးများ ပြန်မရောက်သေးတာလား... အစ်ကိုကြီး အစ်ကိုကြီး"
ကိုယ့်ကိုယ်ကိုယ် စကားပြောရင်း အိမ်တစ်ပတ်ပတ်ရှာတော့လည်းမတွေ့။ရုတ်တရက်ကြီး ကျောချမ်းလာတာကြောင့် အခန်းထဲပြေးဝင်ကာ စောင်ခေါင်းမြီးခြုံပြီး အစ်ကိုကြီးဆီဖုန်းဆက်တော့လည်း မကိုင်။
ဟိုဆော့ဟာ တကယ်ကို အိမ်ပြန်နောက်ကျတာမျိုး၊ပြန်မလာတာမျိုးရှားသည်။ အဓိကက သူ့ညီကိုစိတ်မချလို့ကို ညကိုရောက်အောင်ပြန်လာသည်။
ထို့ကြောင့် အကြောင်းမကြားဘာမကြားနဲ့ ပြန်မလာတော့ ဟိုဝန်းမှာ သေးသေးလေးတော့ကြောက်မိ၏။
စောင်ခြုံလေးထဲက ဟိုဝန်းရဲ့ တစ်ဖက်မှာတော့ ဟိုဆော့ဟာ ချမ်းအေးလှသည့် ဟန်မြစ်ကမ်းနံဘေးနား ပုလင်းတစ်ချို့၊ဗူးအချို့နဲ့ မှိုင်တွေနေသည်။အချစ်ရေးအချစ်ရာထက် မိသားစုရေးက ပိုရှုပ်ထွေးသလိုပင်။
တစ်သက်လုံးမုန်းလာခဲ့တဲ့ ဖခင်ကို အခုထိလည်းမချစ်ပါ။သို့သော် နေရာတကာမှာ ပေါ်လာပြီး ရုတ်တရက်ကြီး ဖခင်ကောင်းပီသပြနေတာတော့ တကယ်ခက်သည်။
ဒီလောက်မှချစ်တတ်ရင်လည်း သူ့အေမ မဆုံးခင်အချိန်တွေကတည်းက ပြန်ရှာခဲ့သင့်တာ။သူ့အတွက်အဖေဆိုတာမလိုတော့။သူ့ညီလေးနဲ့ အနာဂါတ်ရာ လက်တွဲဖော်သာရှိလျှင် ၊ သူ့အတွက် ထိုနှစ်ဦးသာ ရှိပေမည်ဆိုလျှင် ပြည့်စုံပြီ။
KAMU SEDANG MEMBACA
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Fiksi Penggemarသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023