Part...1

1.6K 80 7
                                    

For Unicode

ဂျောင်ကုက ထယ်ယောင်းမိဘအိမ်အထိတောင် Laptopတစ်လုံးနဲ့အလုပ်လုပ်လျှက် လိုက်ပါလာသည်။ထယ်ယောင်းမိဘတွေက ဂျောင်ကုဆိုလျှင် နာမည်တောင်မကြားချင်သလို ဂျောင်ကုကလည်း ဘယ်တော့မှ ဂရုမစိုက်။

ထယ်ယောင်းတို့လက်ထပ်စဉ်မှာ ထယ်ယောင်းမိဘတွေက သူတို့လက်ထပ်ပွဲကို မရရအောင်ဖျက်ခဲ့သည်။လက်ထပ်ပွဲဆိုတာထက် လက်မှတ်ထိုးပွဲလို့ခေါ်ရမလားပါပဲ။ထယ်ယောင်းကိုလည်း ပွဲကခေါ်ထုတ်ဖို့ကြံစည်သေး၏။
ဒါကြောင့်လည်း ဂျောင်ကုက မုန်းသထက်မုန်းနေခြင်း။

"ကိုကို ဘိုရာ့သူငယ်ချင်းညီမလေးက ကိုကိုတို့ကျောင်းမှာ ဒုတိယနှစ်တက်နေတာလေ...အဲ့တာ ကိုကို့အတန်းချိန်တွေဆုံရင် ဂရုစိုက်ပေးလိုက်ဦးနော်"

သိပ်ချစ်ရတဲ့ညီ်မလေးက ချစ်စဖွယ်ပြောလာတော့ ထယ်ယောင်း မငြင်းနိုင်ပါ။ညီမလေးရဲ့ဆံပင်တိုလေးကို လက်နဲ့ထိုးဖွပြီး ပွတ်သတ်တော့ အဆိုးလေးက သဘောတွေကိုကျလို့။

ဘေးနားကဂျောင်ကုကတော့ သူတို့စကားဝိုင်းထဲဝင်မပါသလို စိတ်လည်းမဝင်စားပါ။ဒါတောင် ညီမလေးနဲ့ ဂျောင်ကုကအဆင်ပြေလို့တော်သေးသည်။မေးထူးခေါ်ပြောအဆင့်လောက်ရှိရင်ကို အခြေအနေကောင်းသေးတာမလား။

အဖေနဲ့အမေကတော့ ဂျောင်ကုမျက်နှာကိုမမြင်ချင်ဟုဆိုကာ ဧည့်ခန်းထဲဝင်မလာ။
ဒီလိုပါပဲ။နှစ်ဖက်စလုံးက အချင်းချင်းကို ချီးထက်တောင်မုန်းပါတယ်လို့ ဆိုထားကြတော့ ထယ်ယောင်းလည်း ဘာမှမဖြန်ဖြေနိုင်။

"Amber...ညနေလည်းစောင်းပြီ ကိုယ်တို့ ပြန်ကြတော့မလား"

Laptopနဲ့ တခြားပါလာတဲ့ပစ္စည်းတွေကို သိမ်းဆည်းရင်း ဂျောင်ကုကပြောလာတော့ ထယ်ယောင်း လက်ခံရတော့သည်။ဒါက မေးခွန်းတစ်ခုမဟုတ်ဘဲ အမိန့်တစ်ခုဆိုတာ သူသာအသိဆုံး။

"အဖေနဲ့အမေ ကျွန်တော်ပြန်တော့မယ်နော်...နောက်ရက်ကျ အဖေတို့အတွက် အားဆေးတွေကျွန်တော်ဝယ်ပို့လိုက်မယ် နေကောင်းအောင်လည်းနေ"

"ဟုတ်ပါပြီ ဆရာကြီးရဲ့...ခင်ဗျားသာ နောက်လည်း မကြာမကြာအလည်လာခဲ့ပါ"

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Where stories live. Discover now