Part...21

599 41 16
                                    

For Unicode

'ငါပြောထားတာလေး ဘယ်လိုအတွေးရလဲ
ချေးမှာလား'

'သိန်း(၂၀)ပဲခဏချေးပေး မနက်ဖြန်လာယူလှည့်မယ် ငါ့ကျန်းမာရေးအရ ဆေးလိုလို့ပါကွာ'

တတောင်တောင်မြည်နေတဲ့ ဂျောင်ကုဖုန်းက စာမေးပွဲကိစ္စအလုပ်လုပ်နေတဲ့ထယ်ယောင်းကို
စိတ်အနှောက်အယှက်ဖြစ်စေသည်။

မျက်စိလှန်ပြီး ဘေးနားကဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့ ဖုန်းနံပါတ်အစိမ်းမှ ငွေချေးနေပုံရတဲ့ မက်ဆေ့တွေကြောင့် တပ်ထားတဲ့စာကြည့်မျက်မှန်ကိုချွတ်ကာ ထယ်ယောင်း ဖုန်းအား လက်လှမ်းလိုက်သည်။

သို့သော် ထယ်ယောင်းလက်လှမ်းနေသည့် လတ်ခုလက်မှာပင် ဂျောင်ကုရဲ့ ဖြူဖွေးတဲ့လက်တစ်ဖက်က ဖုန်းအား ဦးစွာကောက်ယူသွား၏။
ထယ်ယောင်း မသိမသာလေး မျက်နှာလွှဲလိုက်သည်။

ဂျောင်ကုက ဖုန်းကိုတစ်ချက်ကြည့်ပြီး အပြင်သွားမည်ဖြစ်ကြောင်း ထယ်ယောင်းကိုအသိပေးကာ ထွက်သွားသည်။

လူသွားလူလာစိတ်သည့် လမ်းမကြီး၏ဘေး ပလက်ဖောင်းတွင် ဂျောင်ကုနဲ့ထိုလူ တွေ့ဆုံဖြစ်ခဲ့သည်။ဆေးသမား ဘိန်းစားမှန်းသိသာစွာ ပိန်ကပ်နေသည့်ခန္ဓာနဲ့ ညိုမဲကာပြာနေသည့်အသားအရေ၊မျက်တွင်းတွေပင် ကျနေသေးသည်။

အကြိတ်အနယ်ဖြစ်နေသည့် စကားဝိုင်းဟာ အနည်းငယ်တော့ ဆူညံသံတို့ ထွက်ပေါ်လာစေ၏။

"ငါတို့က အတူတူတောင် အလုပ်တွဲလုပ်ခဲ့တဲ့လူတွေပဲကွာ...ဒီလောက်ငွေကို တွက်ကပ်မနေသင့်ပါဘူး...ဒါနဲ့ ငါကြားသလောက်ဆိုရင် အဲ့ကောင်လေးက မင်းနဲ့ရနေတာဆို"

"စကားကို ထိန်းပြောစမ်းဟေ့လူ...ခင်ဗျားအဆင့်နဲ့ ကျုပ်တို့အကြောင်းဘာမှထည့်ပြောစရာမလိုဘူး"

ဂျောင်ကု ဒေါသတကြီးနဲ့ ရင့်ရင့်သီးသီးပြောလိုက်တော့ ထိုလူက ကြိတ်မနိုင်ခဲမရဖြစ်သွားပုံပင်။တောက်ခေါက်ကာ ကြိမ်းဝါးပြီးမှ ထွက်ခွာသွားသည်။

"တောက်ခ်...မင်းငါ့အကြောင်းကောင်းကောင်းသိစေရမယ်"

ထိုလူ့ကိုကြည့်ရတာ ကြံရာမရလို့ ဂျောင်ကုကို လာကပ်ပြီး ခြိမ်းခြောက်ချင်နေပုံရသည်။
ဂျောင်ကုသူ့ကိုမကြောက်ပေမဲ့ သူလုပ်လိုက်နိုင်သည့်အရာတွေကိုတော့ တွေးပူမိ၏။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Where stories live. Discover now