Part...16

718 44 13
                                    

For Unicode

"Hello...ဂျွန် ငါပါ ထယ်ယောင်း"

ရုံးအဆင်းမှာ ဝင်လာတဲ့ဖုန်းကောလ်လေး။
ထူးထူးဆန်းဆန်း လိမ္မာနေတော့ ဂျောင်ကုပြုံးလိုက်မိသည်။

"ကိုယ့်Amberက ကိုယ့်စီဖုန်းဆက်တာပေါ့လေ...လွမ်းနေပြီလား ခဏပဲစောင့် ကိုယ်အခုလာပြီ"

"မလာနဲ့ဦး ဂျောင်ကု...ဒီဇင်ဘာစာမေးပွဲလည်းနီးပြီဆိုတော့ ကျောင်းသားတွေကို အချိန်ပိုသင်ပေးစရာရှိတယ်...နောက်နှစ်နာရီလောက်ထိ။မင်းအဲ့မှ လာရင်လာပေါ့"

ထယ်ယောင်းစကားကြောင့် ဂျောင်ကုရဲ့ခြေလှမ်းတွေပင် ရပ်တန့်သွားရသည်။
အခုမှ စက်တင်ဘာလလေ။နောက်ပြီး အချိန်ပိုသင်တယ်ဆိုတာက ထုံးစံရှိလို့လား။

"လာမကြိုချင်ဘူးလား ဂျောင်ကု"

ဂျောင်ကုငြိမ်နေသည်ကို အဓိပ္ပာယ်ကောက်လွဲသွားတဲ့ ထယ်ယောင်းက ထိုသို့မေးခွန်းထုတ်သည်။

"ဒါဆို အဲ့အချိန်မှ ကိုယ်လာကြိုလှည့်မယ် Amber...ကိုယ့်ကိုစောင့်နေပေး။အိမ်ပြန်ပြီး ညစာပြင်ထားနှင့်မယ်"

"ဟုတ်ပြီ ဟုတ်ပြီ...ဒါဆို နောက်မှတွေ့ကြမယ်"

ဖုန်းချသွားပြီဖြစ်သော်လည်း ဂျောင်ကု ဖုန်းအား နားနားကပ်ရင်း သံသယဝင်နေမိသည်။ဒါက ထူးဆန်းမနေဘူးလား။
လွန်ခဲ့တဲ့အပတ်က ကောင်လေးတစ်ယောက်ကို Guideလုပ်ပေးဖို့ Amberတောင်းဆိုခဲ့ဖူးတာကလည်း သူ့သံသယတွေကို လောင်စာထည့်ပေးသည်။

Amberနဲ့ပတ်သတ်ရင် အစွန်းရောက်သည်အထိ လွန်ကျူးတတ်သော သူ့အတွေးများအား ခဏတာရုတ်သိမ်းလိုက်ရင်း Supermarketဆီ ဝင်လာခဲ့သည်။

အိမ်မှာက ဟင်းချက်စရာနဲ့ Readymadeစားစရာတွေ ကုန်နေပြီ။
ရှေ့အပတ်ပိတ်ရက်ကလည်း နှစ်ယောက်အတူ Shoppingမထွက်ဖြစ်လိုက်ဘူး။
ဒီအပတ်ပိတ်ရက်ကျရင်တော့ တစ်ခါလောက် လည်ဦးမှပါ။

အမှန်အတိုင်းပြောရရင် Amberနဲ့ သူ့ရဲ့အခြေအနေက အားကစားသမားတစ်ယောက်ရဲ့နှလုံးခုန်နှုန်းအလား တည်ငြိမ်တယ်လို့ကို မရှိ။

ဘူဆန်က ပြန်လာပြီးကတည်းက Amberက အရွဲ့တိုက်တတ်လာသလို ဂျောင်ကုကိုလည်း ဆန့်ကျင်တတ်လာသည်။တစ်ဖက်ကကြည့်ပြန်ရင်လည်း ဂျောင်ကုနဲ့အတူ အပြင်ထွက်တဲ့အချိန်တွေ၊Dateမမည်တဲ့ Dateလုပ်တဲ့အချိန်တွေမှာဆို အမြဲ အပြုံးပန်းလေးတေွ ချိတ်ဆွဲလို့။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Donde viven las historias. Descúbrelo ahora