Part...13

809 52 11
                                    

For Unicode

ချမ်းအေးလှတယ်မဟုတ်သော်လည်း ခပ်စိမ့်စိမ့်ဖြစ်နေသည့် ရာသီဥတုကြောင့် အပေါ်ထပ်မထူမပါးထပ်ဝတ်ကာ နှစ်ယောက်သား အခန်းထဲမှ ထွက်လာခဲ့သည်။

ညနက်ပြီဖြစ်တာကြောင့် ဆူညံမှုမရှိစေရန် ခြေဖော့လမ်းလျှောက်နေရင်း ကိုယ့်ကိုယ်ကိုယ် သူခိုးလေးတွေအလား ခံစားမိလိုက်သည်။

ကျွီ...

"ဂျောင်ကု ဖြေးဖြေး"

ထုံးစံမပျက် တကျွီကျွီအသံပေးတဲ့ အိမ်ရှေ့တံခါးမကြီး။ထယ်ယောင်း ဂျောင်ကုကို လက်ကုတ်၍ သတိပေးလိုက်သည်။သူတို့ပဲ အကဲပိုနေမိတာလားမပြောတတ်ပေမယ့် အခုအချိန်မှာ ခြေသံကအစ ကျယ်လောင်နေသလိုခံစားရ၏။

အိမ်ထဲကထွက်ပြီးနောက် တံခါးအား အပြင်ဘက်မှ သော့ခတ်၍ထားခဲ့သည်။အိမ်ရှေ့မှာရပ်ထသည့် ကားအဖြူလေးကလည်း အဆင်သင့်။

"Amber ဘူဆန်ကိုရောက်ဖူးလား..."

"ဟင့်အင်း ငါကခရီးထွက်ရတာ သိပ်မကြိုက်တော့ မြို့ထဲက ဟိုဟိုဒီဒီပဲရောက်ဖြစ်တာ"

ထယ်ယောင်းအဖြေပေးလိုက်တော့ ဂျောင်ကုက နှုတ်ခမ်းမဲ့​ပြသည်။

"အဲ့တာမကောင်းဘူးနော် ဘူဆန်ကသိပ်လှတာ...မင်း တစ်မြို့လုံးအနှံ့ရောက်ဖူးသင့်တယ်"

စထွက်နေပြီဖြစ်တဲ့ ကားလေး။ထယ်ယောင်း စိမ်းသက်သက် ဘေးပတ်ဝန်းကျင်ကို ရှုစားနေမိသည်။ညအချိန်ဖြစ်တာကြောင့် နေရာတကာမှာ ဖြာကျနေတဲ့ လျှပ်စစ်မီးရောင်တွေ။ထိုရောင်စုံအလင်းတွေကပင် ဘူဆန်မြို့အား ပိုမိုလှပစေသလား။

"ကိုယ့်Amberအတွက် သီးသန့်အချိန်ပေးပြီး မြို့အနှံ့လိုက်ပို့မယ်..."

"မင်းက လမ်းတွေမှတ်မိသေးလို့လား...ဆိုးလ်ကိုရောက်တာ သုံးလေးနှစ်ရှိပြီဆို...ဒီမှာလဲ ပြောင်းလဲကုန်တာတွေရှိမှာပဲကို"

ထယ်ယောင်းကန့်လိုက်တိုက်ကာ ဖြေလိုက်တော့ တွန့်ကွေးသွားသည့် ဂျောင်ကုရဲ့နှုတ်ခမ်းပါးများ။
ဒီလိုကျတော့လည်း ဂျောင်ကုဟာ သိပ်ကို ကြည့်လို့ကောင်းသည်။

အချိန်အနည်းငယ်ကြာ မောင်းနှင်ပြီးတဲ့နောက်မှာ ဘူဆန်မြို့ရဲ့ အထင်ကရကမ်းခြေတစ်ခုသို့ ရောက်ရှိခဲ့၏။လှုပ်ရှားနေတဲ့ လှိုင်းလုံးတွေ၊
အနည်းငယ်သာကျန်ရှိတော့သော လူအုပ်စု၊ရေပြင်ပေါ်မှာ မထင်မရှားပေါ်လွင်နေတဲ့ ကြယ်စင်တွေရဲ့ အရိပ်ငယ်၊ အားလုံးကို ထယ်ယောင်းငေးမောကြည့်နေမိသည်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Tempat cerita menjadi hidup. Temukan sekarang