Part...20

708 39 24
                                    

For Unicode

မျက်နှာညှိုးလျှက် ထယ်ယောင်းရှေ့မှာ စိတ်မပါတပါနဲ့ စာလုပ်နေသည့်ဟိုဝန်းကို ထယ်ယောင်း အကဲခတ်ကြည့်နေမိသည်။
လူငယ်ဆိုတော့ ရည်းစားကိစ္စလား၊အိမ်နဲ့အဆင်မပြေတာလားဆိုပြီး တွေးစရာတွေတော့ရှိသည်။

"အစ်ကို ကျွန်တော်လည်နေပြန်ပြီ မတွက်တတ်တော့ဘူး"

စာဖတ်ရင်း ဘေးနားမှာ ထိုင်စောင့်နေသည့် ထယ်ယောင်းအားပြောကာ ဟိုဝန်းက အားလျှော့လိုက်သည့်ပုံစံနဲ့ ဘောပင်ကိုလွှတ်ချသည်။

"စိတ်မပါရင် တခြားဟာလုပ်လေ...စာလုပ်ဖို့ လုံးဝကို စိတ်မပါဘူးဆိုလည်း အိမ်ပြန်ပြီးနားလိုက်ကောင်လေး..."

"အဲ့လိုလုပ်လို့ရလား အစ်ကို"

ထယ်ယောင်းခေါင်းညိတ်ပြလိုက်တာနဲ့ ကောင်လေးက စာအုပ်တွေကောက်သိမ်းသည်။မျက်နှာက လုံးဝမကောင်း။

"အဆင်မပြေဘူးလားကောင်လေး...တစ်ခုခုဖြစ်ထားလို့လား"

"အစ်ကိုထယ်ယောင်း...ကျွန်တော့်ကိုလေ အစ်ကိုကြီးက စိတ်ဆိုးသွားပြီထင်တယ် စကားလည်းမပြောတော့ဘူး"

မျက်ရည်စမ်းတမ်းတမ်းနဲ့ စိတ်မကောင်းဖြစ်နေတဲ့မျက်နှာလေးဟာ ထိုကောင်လေးကို မြင်နေကျပုံနဲ့ ကွဲလွဲနေသည်။

​ပြဿနာအရင်းအမြစ်ကို မေးမြန်းပြီးနောက် ခပ်တိုးတိုးပင် ရယ်လိုက်မိ၏။

"မင်းကလည်း အလိုက်မှမသိဘဲ။အိမ်ပြန်ရောက်မှ မင်းအစ်ကိုကိုချော့လိုက်...သူကမင်းကိုဒီလောက်ချစ်တာ တော်တန်ရုံဆို အပြစ်တောင်ပြောတာမှမဟုတ်ဘဲ"

အစ်ကိုထယ်ယောင်းစကားကြားတော့ သူ့ကိုယ်သူအပြစ်တင်စိတ်ကလည်း တိုးလာပြန်သည်။
တကယ်ဆို မကောင်းတဲ့လူက သူသာ။

"ကျွန်တော်ပြန်တော့မယ်နော် အစ်ကိုထယ်ယောင်း"

"ဟုတ်ပါပြီဗျာ...အဆင်ပြေအောင်လုပ်ခဲ့...ဟိုဆော့အားတဲ့နေ့ကျ လျှောက်သွားကြတာပေါ့"

"ဟုတ် အစ်ကိုထယ်ယောင်း...ကျွန်တော် မုန့်ဖိုးစုထားလိုက်တော့မယ်"

အပိုတွေပြောကာ ဟိုဝန်းက ခြေလှမ်းကျဲကြီးတွေနဲ့ ပြေးထွက်သွားသည်။ထိုသည်ကို ကြည့်ကာ ထယ်ယောင်း သူ့ညီမလေးကိုပင် သတိရမိ၏။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Место, где живут истории. Откройте их для себя