||5||

5.3K 237 5
                                        

Unicode

" ဖေကြီးအာဏာ..သက်သာရဲ့လား''?

ကျောင်းသွားခါနီးသမီးငယ်မျက်နှာမှာ
စိုးရိမ်မှု့တို့ပြည့်နက်နေပြီးမလှမပဖြစ်နေ
ရှာသည်။

အာဏာမှီထားတဲ့ခေါင်းအုန်းမှ
မတ်မတ်ထိုင်လိုက်ပြီး။

" ဖေကြီးသက်သာနေပါပြီ
သမီးငယ်ကျောင်းသွားမှာသာ
ဖြောင့်ဖြောင့်သွားဖေကြီးကိုနောက်ဆံ
တင်းမနေနဲ့''

" ဖေကြီးအာဏာကလည်း..
သမီးကကျောင်းမှာစာမေးပွဲရှိနေလို့သာ
မဖြစ်မနေသွားရမှာဖေကြီးအာဏာကို
နည်းနည်းလေးမှစိတ်ချတာမဟုတ်ဘူး??
ဖေကြီးလက်ရာက​ဖြင့်သာလိပ်ကိုလက်စား
ချေဖို့ရှာနေတာနဲ့အိမ်မှာကပ်တာမှမဟုတ်
ဖေကြီးလက်ရာအိမ်မှာမရှိတဲ့အချိန်ဆို
ဖေကြီးအာဏာကတစ်ယောက်ထဲ''

" သမီးငယ်ကလည်းကွာ..
ဖေကြီးခြေထောက်တစ်ဖက်ဘဲကျိုးသွားဒါပါ
တစ်ကိုယ်လုံးသေသွားဒါမှမဟုတ်.
အဲ့လောက်အထိဖေကြီးကိုစိတ်ပူပြနေတော့
ဖေကြီးဖြင်ကိုယ့်ကိုယ်ကိုယ် ဘားမှမလုပ်နိုင်တဲ့
ဒုက္ခိတကြီးလိုခံစားသွားရတယ်''

" သမီးက..စိတ်ပူလို့ပါ''

" အေးပါ..ဖေကြီးသမီးငယ်
စိတိပူတာကိုဖေကြီးဝမ်းသာရပါတယ်
ကဲကဲ..ဖေကြီးကိုစိတ်ပူနေတာနဲ့
ကျောင်းနောက်ကျတော့မယ်..
ကျောင်းသွားတော့နော်''!

" အင်..ဖေကြီးဂရု့စိုက်''

" အင်းပါ ''

ထမင်းချိိုင့်နဲ့စားအုပ်အချို့ထည့်
ထားတဲ့လက်ဆွဲခြင်းလေးကိုင်ပြီး
ထွက်သွားတဲ့သမီးငယ်ကိုကြည့်ပြီး
အာဏာ့အပြုံးတို့လန်းဆန်းနေတော့သည်။

ချစ်ဖို့ကောင်းလိုက်တဲ့သူ့သမီးငယ်။
မွှေးရကျိုးနပ်လိုက်တာ။
ချစ်ယောကျာ်းလေးလင်းလက်ရာကတော့
မိုးလင်းထဲကခြေကျိုးနေတဲ့သူ့ကို
စိတ်ပူဖော်မရ။ဘယ်ဌာနီမြန်းနေပြီး
ဘယ်ဌာနေရောက်နေပြီလည်းမသိ။

" ဟူး.. ''!

အမူးသမားလေး..ထန်းရည်ဆိုင်များ
ရောက်နေပြီလား။

ထန်းရည်သွားမသောက်တာသူခြေကျိုးတဲ့
ရ​က်ထဲကဆိုတော့ငါးရက်လောက်
ရှိပြီ။ဒါကြောင့်ငမူးသမားလေး
ထန်းရည်ဆိုင်သွားလည်းအပြစ်တော့
ပြောစရာမရှိ။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Место, где живут истории. Откройте их для себя