Unicode
ရေချိုးခန်းထဲ မေ့လဲသွားတဲ့ကောင်ဆိုးလေးကို
ကုတင်ပေါ်တင်ပေးပြီးအဝတ်ကင်းမဲ့နေတဲ့ခန္ဓာကိုယ်ကို
အဖြူရောင်တီရှပ်တစ်ထည်နဲ့Boxerအနက်ရောင်
ဝတ်ပေးပြီးနိုးလာရင်စားဖို့ထွက်ဝယ်ရန်ပြင်လိုက်သည်။
" နောက်ကျလှကြီလား.. သတိုး..
မနေ့ညက တော်တော်လေးမှ အိပ်ကောင်းရဲလား''?
" ေဒါ်နှင်းနွယ်.. မမေးသင့်တာ
မမေးရင်ပိုကောင်းမယ်.. ကျုပ်အတွက်စားဖို့
တစ်ခု့ခု့မှာပြီးအခန်းထဲပို့ပေး''
" ငါက ဘာလို့မှာပေးရမှာလဲ ကိုယ့်ဟာကိုယ်မှာလေ''
" ကျုပ် ဒေါသမဖြစ်ခြင်ဘူးနော် ''
တစ်ချက်ချိန်းခြောက်လိုက်တာနဲ့
ပျက်ယွင်းတဲ့မျက်နှာနဲ့ဝန်ထမ်းကောင်မလေး
တစ်ယောက်ကိုခေါ်ပြီးစားစရာတွေ
အခန်းထဲပို့ဖို့နှင်းနွယ် ခိုင်းလိုက်သည်။
ဒီသေနာလေး ဒေါသထွက်ရင်သူ့ဟိုတယ်
ဇောက်ထိုးဖြစ်သွားနိုင်တယ်။
" ထိုင်အုန်း..ကျုပ်မမကိုပြောစရာရှိတယ်''
လွှတ်နေတဲ့ထိုင်ခုံကို မေးငေါ့ပြ
လိုက်ပြီးစပွဲပေါ်တင်ထားတဲ့စီးကရက်
တစ်လိပ်ကိုရှိုက်ဖွာလိုက်သူ။
" ပြော.. ''!
" ကျုပ်.. ဒီဟိုတယ်လိုခြင်တယ်''
" ဘာ.. ''!
" ကျုပ်. တောင်းသလောက်ပေးမှာပါ ''
" နေအုန်း.. သတိုးထက်အာဏာ..
ဘာကိစ္စရုတ်တစ်ရက်ကြီး..ဒီဟိုတယ်ကို
လိုခြင်သွားဒါလည်း''!
" ရှင်းပြရတာ ကျုပ်မကြိုက်မှန်း
မမ အသိဆုံး..ကျုပ်ကိုတစ်ခွန်ဘဲပြောလိုက်
ရောင်းမှာလား.မရောင်းဘူးလား''?
ခွင့်တောင်းနေတာနဲ့မတူဘူး။ချိန်းခြောက်နေတာ
နဲ့ပိုတူနေတာကြောင့်ဘယ်သူက
ဒီဒေါသအိုးကိုငြင်းဆန်ရဲမှာလည်း။
မရောင်းဘူးပြောရင်လည်းမရရတဲ့နည်းနဲ့
သူလိုခြင်တာကိုရအောင်ယူအုန်းမှာဘဲ။
" မင်းနဲ့ ေငွရှင်းတည်ဂုဏ် လက်ထပ်တဲ့နေ့
လက်ဖွဲ့ပေးမယ် ''
YOU ARE READING
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Actionသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်
