||46||

2.6K 127 5
                                    

Unicode

တောင်ကြီးမြို့ကအပြန် မြစ်ကြီးနားမဝင်ချင်ဘဲ
ဖေကြီးတို့နဲ့ရွာပြန်လိုက်ခြင်တယ်ဆိုတဲ့
ကောင်လေးကြောင့်.. သတိုးတျိုအခု့
ရွာရောက်နေခြင်းဖြစ်သည်။

လယ်စိုက်ချိန်မို့ ကျုပ်ကအမြဲဖေကြီးတို့
လယ်မှာသာလယ်ထွန်ဖို့ကြည့်ကြပ်ရင်း
အချိန်ကုန်နေသည်။

ငွေရှင်းတည်ဂုဏ်ကတော့ မမမြတို့မမထွေးနု့တို့
နု့ဝေတို့နဲ့နစ်နေ့တစ်နေ့ဟီးဟီးဟားဟား
ပြောရင်းအချိန်ကုန်နေ၏။

ဟိုတယ်အလုပ်ကပစ်ထားလို့လည်း
မရတာကြောင့်..လယ်ကပြန်လာရင်ညဘက်
စရင်းတွေလုပ်ရသေးသည်။

ပင်ပန်းပေမဲ့လည်း.. အလိုက်သိတဲ့
ချစ်ရသူလေးကြောင့်နေစဥ်ကျော်ဖြတ်မှု့တွေသည်
ပင်ပန်းသည်မသိတော့ဘဲ ကြည်နူးမှု့တွေသာ
ပြည့်နက်နေ၏။

သတိုး..အလုပ်သမားတွေကိုကြည့်ကြပ်ပြီး
အိမ်ပြန်လာချိန်အိမ်ရှေ့ကွပ်ပျစ်မှာ
ထိုင်နေကြတဲ့လူတစ်စု့။

အားလုံးရဲ့မျက်နှာမှာစိတ်ပူမူ့တွေနဲ့လည်း
ပြည့်နက်နေသေးသည်။

သတိုးစိတ်ပူသွားရသည်။
ထိုလူတစ်စုထဲတွင် သူအိမ်ပြန်လာတိုင်း
အိမ်ပေါက်ဝမှာရေခွက်ကိုင်ပြီးစီးကြိုနေတတ်သည့်
ချစ်ရပါသောအိမ်သူသက်ထားသည်မပါ။
အိမ်ပတ်ဝန်းကျင်ကိုဝေ့ကြည့်သော်လည်းမတွေ့။
ထို့ကြောင့်ကွပ်ပျစ်နားကိုအမြန်သွားမိ၏။

ဒေါဇင်မာခိုင်..မြေးလုပ်သူပြန်လာသည်ကို
မြင်သည်နှင့်ပူပင်သောကအပြည့်နှင့်
ထရာကထပြီးစီးကြိုကာ။

" မြေးကြီး..ဆေးရုံကို အမြန်လိုက်သွားမှဖြစ်မယ်''

" ဗျာ.. ! ဘယ်သူဘာဖြစ်တာလဲဗျ.
ပြီးတော့.. ငွေရှင်းတည်ဂုဏ်ဘယ်မှာလဲ.''

အလန့်တစ်ကြားမို့.. လွယ်ထားတဲ့လွယ်အိပ်ကို
ကွပ်ပျစ်ပေါ်ပစ်တင်ပြီးမေးလိုက်သည်။
ဆေးရုံဆိုသည်နှင့်ကျုပ်မျက်လုံးအရှေ့မှာ
မရှိတဲ့ကလေးငယ်ကိုစိတ်ပူသွားပြီး
မေးလိုက်ခြင်း။

ပြန်ဖြေလာတဲ့အဘွားအဖြေကအမောဆို့
သွားရ၏။..ငွေရှင်းတည်ဂုဏ်..မူးလဲကျလို့တဲ့လေ။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now