Unicode
အချစ်ခရီးလမ်းက ဖြောင့်ဖြူးသည်
ကြီးဘဲတော့ဘယ်ဟုတ်မလဲ။
ကိုကိုဆီက. အချစ်ကိုရဖို့
မျက်ရည်တွေနဲ့ကုန်ဆုံးခဲ့ရတဲ့အချိန်တွေက
လိုက်မမှတ်နိုင်အောင်များလွန်းခဲ့တာဘဲကြည့်လေ။
ဘယ်လောက်ဘဲခက်ခဲကြမ်းတမ်းတဲ့မေတ္တာလမ်း
ဖြစ်ပါစေ..ကိုယ့်ဘက်ကပေးတဲ့အချစ်က
ဖြူစင်ပြီးစစ်မှန်နေရင်တစ်ချိန်ချိန်မှာ
ပျော်ရွှင်ခွင့်ရမယ်ဆိုတဲ့ကြားဖူးတဲ့စကားတွေက
အမှန်တရားတွေဖြစ်ခဲ့ပြီ။
မြစ်ကြီးနားမြို့ရဲ့အအေးဓာတ်က
တစ်နေ့တစ်ခြားပိုသည်ထက်ပိုလာသည်။
ကိုကိုနဲ့ကျွန်တော်လက်ထပ်ပြီး
မြစ်ကြီးနားမြို့ကိုပြောင်းလာတာတောင်
ဘာလိုလိုနဲ့ဒီဆောင်းကုန်ရင်တစ်နှစ်ပြည့်
တော့မယ်။
အချိန် တွေကုန်တာမြန်လိုက်တာ။
ကိုကို့အချစ်တွေကနွေးထွေးသည်ထက်
နွေးထွေးလာတော့..အချိန်တွေကိုမြန်မြန်မကုန်
ဆုံးခြင်ဘူး။
" တီ..တီ..တီ ''!!
ကားဟွန်းသံ ကြားရပြီ။
လက်ကနာရီကိုငုံ့ကြည့်လိုက်တော့
6 နာရီ။
ပုံမှန် ကိုကိုပြန်လာနေကျအချိန်ဘဲ။
နှစ်ထပ်တိုက်ပြာလေးကနေအပြေးဆင်းရင်း
ကိုကိုကိုယ်ကြိုဖို့လုပ်သည်။
ကားပေါ်က..ဆင်းလာတဲ့ကိုကိုက
ပုံမှန်..အလုပ်ဖိုင်တွေထည့်တဲ့လက်ဆွဲအိတ်
အမဲအပြင်..ရွှေအိုရောင်..ဖိတ်စာလေး
တစ်စောင်ပါတွဲကိုင်လာသည်။
ငွေရှင်းကိုကိုဆီကအိတ်ကိုယူလိုက်ပြီး
ဖိတ်စာကိုစူးစိုက်ကြည့်ကာ။
" ဒါက..ဘယ်သူ့ဖိတ်စာလဲ..ကိုကို''
" အထဲရောက်မှ ဖတ်ကြည့်တော့
ကိုယ့်အရူးလေး...အခု့ကိုယ့်အတွက်
ရေတစ်ခွက်ခတ်တိုက်ပါအုန်း''
" အယ်..ဟုတ်သား..ရေခတ်
ဖို့မေ့သွားဒါ ဟီး''
ဒါ.အိမ်ထောင်ကျပြီးကတည်းက
ငွေရှင်းလုပ်နေကျအလုပ်တစ်ခု့ဘဲ။
ဟိုတယ်အလုပ်ကနေပြန်လာတဲ့
ကိုကိုကိုယ်အိမ်ပေါက်ဝကဆီးကြိုမယ်။
ပြီးရင်ရေအေးအေးလေးခတ်တိုက်မယ်။
အယ်အခု့ကဆောင်းတွင်းဆိုတော့ရေမပူမအေးလေး
ပြင်ဆင်ပေးထားဒါပေါ့။
ВЫ ЧИТАЕТЕ
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Боевикသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်
