||36||

4.3K 155 5
                                        

Unicode

ချစ်သော..ဒေါသကုမ္မာ

အပိုင်း..36

သတိုးအိပ်ပျော်နေဆဲဖြစ်တဲ့ရင်ခွင်
ထဲကကောင်လေးကိုနူးည့ံချိုသာလွန်းတဲ့
အပြုံးဖြင့်နမ်းလိုက်လေသည်။

အနည်းငယ်တွန့်လူးသွားတဲ့..
မျက်နှာလေးကြောင့်အသည်းယားနေမိသည်မှာ
အမှန်။

ခေါငျးပတျတီးလေးအခု့ထိမဖွုတျရသေးတာ
မြင်ရပြန်တော့စိတ်မကောင်းဖြစ်မိပြန်ပြီ။

သူဒီကောင်လေးကိုအထိအခိုက်
မခံနိုင်လောက်အောင်သူချစ်မိနေလေပြီ။

တီတီ...

ဝင်လာတဲ့ဖုန်းသံကြောင့်
သတိုးလက်မောင်းပေါ်ကကောင်လေးကို
ခေါင်းအုံးပေါ်အသာချပြီး
ကုတင်အောက်ခြေထောက်ချကာ
ခုံပေါ်တင်ထားတဲ့ဖုန်းကိုကိုင်လိုက်သည်။

" ဟဲလို..''

ခေါ်သူက..မမနှင်းနွယ်။

(ဟဲလို..ကုမ္မာရ..သတင်းတွေ့ပြီးပြီလား')

" ဘာသတင်းလဲ ''?

( ဒီလိုမေးပုံဆို အခု့ထိသတင်းမတွေ့သေးတဲ့
သဘောဘဲ... ငါအခု့ပို့လိုက်မယ်
ကြည့်လိုက်)

မဟေဠိ တွေနဲ့ဖုန်းချလိုက်တာကြောင့်
သတိုးမျက်မှောင်ကျုတ်သွားသည်။

တွစ်.... !

မက်ဆေ့ ဝင်လာတာနဲ့ ကြည့်လိုက်တော့
မြင်လိုက်ရတဲ့သတင်းကသူထိုင်နေရာက
ထရပ်မိသည်အထိ။

ရှေ့နေဦးကိုကိုနိုင် အဖမ်းခံရတဲ့သတင်း။
ပြီးတော့..စိုးလွင်ဝရမ်းပြေးဖြစ်နေတဲ့သတင်း။

သူဒါတွေကိုမသိခြင်မပတ်သက်ခြင်တော့လို့
ဘေးရှောင်ပြီးနေခဲ့တာ။
အဓိကသူဘေးရှောင်ခဲ့တဲ့အကြောင်းအရင်းက
ငွေရှင်းတည်ဂုဏ်နဲ့သူ့ကြား
ကမောက်ကမမဖြစ်ခြင်တော့လို့။

ချက်ခြင်းမနှင်းနွယ်ဆီသူဖုန်းပြန်ခေါ်လိုက်သည်။
သူအကြိုးအကြောင်းသိရမှဖြစ်မည်။
ဘယ်သူဦးစီးပြီးဦးကိုကိုနိုင်လိုလူကို
ဖမ်းဒါလည်းသူသိခြင်သည်။

" ဟဲလို..အခြေအနေကိုအခု့ရှင်းပြ''!

သိခြင်ဇောကြောင့်သူ့အသံကဒေါသ
သံတွေအပြည့်။သို့သော် ပြန်ဖြေတဲ့အစ်မတော့
အေးအေးလူလူနဲ့သာ။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now