Unicode
'' မြတ်သော်.. ''!!
" ဘာကိစ္စနဲ့ ကျုပ်ကိုအော်တာလဲ
ခများကို ကျုပ်ဘာလုပ်လို့လည်း ''
" ဗြန်း.''!
" ရိုင်းလိုက်တာ''!
သူနဲ့ကိုယ် ချစ်သူဖြစ်ပြီးကတည်းက
ခများတွေကျုပ်တွေ အတတ်နိုင်ဆုံး
မပြောဖို့တားမြစ်ထားပြီးသား။
ဒါတောင်ခများလို့သုံးနေသေးတဲ့
ကောင်စုတ်လေးရဲ့ကျောပြင်ကို
ခပ်စပ်စပ်လေးရိုက်ချပေးလိုက်သည်။
အကြည့်စူးစူးနဲ့ပြန်ကြည့်လာတဲ့
ကောင်စုတ်က..မကျေနပ်ကြောင်း
အကြည့်တွေကသက်သေတွေပေ။
" ခေါ်တာကို..ဘာလို့မထူးဒါလည်း''!
" မထူးခြင်လို့လေ.. ကျုပ်နဲ့ဒီလောက်နီးနီး
ကပ်ကပ်လေးခေါ်နေတာ..ကျုပ်ကြားမှန်း
ဦးမသိဘူးလား..ပြောမဲ့ဟာမပြောဘဲ
ခေါ်ဘဲခေါ်နေပြီး..ဘာပြောမှာလဲ
ပြော''
" မင်းနဲ့တော့... ကိုယ်နဲ့.သူ.ဘာမှ
မပတ်သက်သာသိသိကြီးကြီးနဲ့
မကောက်လို့ရမလား''?
" ဦး...သူ့ကို..ပြုံးပြတယ်''
" အင်လေ.. ကိုယ့်ညီမလေးရဲ့
အမေတစ်ယောက်အနေနဲ့
ပြုံးပြတာ.. တစ်ခြားအတွေး
ကိုယ့်မှာမရှိဘူး''
" အဲ့ဒါဦးဘက်ကအတွေး..လူတွေအတွေးက
ဦးနဲ့အဲ့မိန်းမ..ပြန်ပေါင်းထုတ်ဖို့
အကြောင်းဖန်နေတယ်မြင်မှာဘဲ''
" ကျစ်.. ! ဒီနေရာမှာ..ကိုယ်နဲ့သူ
လက်ထပ်ဖူးတဲ့အကြောင်းသိတဲ့လူ
ရှိနိုင်ပါ့မလားကွာ..''!
" သူကြီးနဲ့ သူကြီးလင်..ရှိတယ်..ပြီးရင်
မနှင်းနွယ်တို့လင်မယား..ရှိသေးတယ်..
နု့ဝေ.. နဲ့..သူဌေးတို့လင်မယား..''
ရစ်စရာမရှိကပ်တတ်ရစ်နေလေပြီ။
ထင်အောင်သက်ပျင်းသာ
ခပ်ဖွဖွချနေရတော့သည်။
ရှင်းပြလေ..ပိုရစ်လေကောင်စုတ်လေး။
" ဦးကောင်လေးက်ို..ချစ်တာ
သိတယ်မလား... ''?
".. ဘာဆိုင်လို့လဲ..''
" ကိုယ်မေးတာဘဲဖြေပါ..''
" အင်.. သိတယ်..''
" ကိုယ်မင့်ကိုချစ်တယ်မင်းလည်း
ကိုယ့်ကိုချစ်တယ်မလား...''?
STAI LEGGENDO
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Azioneသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်
