Unicode
ဒီနေ့အိမ်မှာလူစုံတက်စုံ။
ဒေါ်နှင်းနွယ်နဲ့သူ့အမျိုးသားပါ..
အိမ်ရောက်လာကြသည်။ဒါ့အပြင်
ခိုင်သော်နဲ့သွေးပါရောက်လာတော့
သတိုးထက်အာဏာရဲ့ကိုဗိုက်လေးက
ဟိုလူနားပါဒီလူ့နားပါနဲ့သူ့အနားတောင်
မရောက်လာနိုင်တော့ဘူး။ကိုယ်ဝန်ကအခု့မှလနု့နု့လေးရှိသေးတာ။
ဒီလောက်လူအုန်နေမှတော့သူ့ခမျာဘယ်လောက်
နေရခက်လိမ့်မလဲ။ဒီကောင်တွေကသူဒေါသမထွက်ဘဲကြည့်နေလို့
တော်ကာမကျဘူးအဆိုးဆုံးကသော်စစ်လေး။
ငွေရှင်းတည်ဂုဏ်ရဲ့ပေါင်ပေါ်တောင်ဝင်ထိုင်
နေသေးသာ။သတိုးထက်အာဏာကြည့်နေရင်းက
စိတ်မရှည်။ပေါင်ပေါ်ကကလေးကိုဆွဲချလိုက်တော့
ရယ်မောသံတွေဆူညံနေတဲ့စကားဝိုင်းဟာ
မီးကိုရေနဲ့ငြိမ်းသလိုတိကနဲ။" ကိုကို..ဘာလုပ္တာလဲ ''?
" ဆွဲချလိုက်တာလေ.ဟိုနှစ်ယောက်
ကိုယ့်သားကိုယ်ထိန်း မပေါ့မပါးနဲ့လူအပေါ်
တက်နေတာကြည့်ကောင်းလားကြည့်ရအောင်''သတိုးထက်အာဏာကိုလွန်ဆန်ရဲသူမဟုတ်တော့
သော်စစ်လေးကိုသာဆွဲပွေ့လိုက်ကြသူ
ခိုင်သော်နဲ့သွေး။" အဖြစ်သည်းလိုက်တာ..သတိုးထက်အာဏာရယ်
ဒီအတိုင်းလေးတက်ထိုင်တာ အသားပဲ့ပါ
သွားတဲ့အတိုင်း''" အသားမပဲ့ပါပေမဲ့ ငွေရှင်းတည်ဂုဏ်လေးတယ်လေ
ကျုပ်စကားထပ်မပြောခြင်ဘူး..
အခု့အားလုံးရယ်လိုဝပြီမလား..
ကျုပ်လင်ကျုပ်ပြန်သိမ်းတော့မယ်..
ဖယ်...''မျိုးသန့်ကိုတွန်းဖယ်ပြီးကြားညှပ်နေတဲ့
ငွေရှင်းတည်ဂုဏ်ကိုဆွဲယူကာ
ထစေလိုက်သည်။လူတွေကြောင့်ဘယ်လောက်တောင်မွန်းကြပ်နေသလဲ
မသိတဲ့ကောင်လေးက..သူဆွဲရာကိုမငြင်းဘဲ
ပျော်သွားသလိုမျက်နှာလေးဖြင့်လိုက်ပါလာ၏။တောက်.. !! ပင်ပန်းအောင်လုပ်ကြတဲ့ဟာတွေ။
" ဘယ်လဲ သားကြီး..''
" အပြင်.. ကြာကန်ဘက် ''
အိမ်ပြင်ထွက်ဖို့ပြင်တော့မေးလာတဲ့
ဖေကြီးအာဏာခွန်းဆက်။သတိုးဒီအတိုင်း
ပါးစပ်ထဲရှိရာဖြေခဲ့လိုက်တာ။တစ်ကယ်တော့
ကြာကန်ဘက်သွားဖို့စိတ်ကူးကိုမရှိ။
YOU ARE READING
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Actionသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်