Unicode
အပိုင်း..39
အခန်းတစ်ခု့ရဲ့ပြောင်းလဲသွားပုံက
ငွေရှင်းကိုမျက်ရည်ကျသည်အထိပျော်
ရွှင်မှု့ပေးစွမ်းနိုင်သည်။အခန်းနံရံပန်းချီကားတွေအပြင်
ချိတ်ဆွဲထားတဲ့ဓာတ်ပုံတွေကအစ
သူ့နှလုံးသားကိုတစ်ဒိတ်ဒိတ်ခုန်အောင်
လှုံ့ဆော်လို့နေသည်။အံသြခြင်းပျော်ရွှင်မှု့အကြည့်တွေနဲ့
ကိုကို ဘက်ကြည့်လိုက်တော့
ပါးချိုင့်သားတွေပေါ်အောင်
ပြုံးပြရင်း..ကျေနပ်ရဲ့လားဆိုတဲ့
မေးခွန်းပါတဲ့အကြည့်တွေနဲ့ကြည့်နေ၏။နံရံပန်ချီကားတွေက သူနဲ့ကိုကိုရဲ့
ပုံရိပ်တွေ။ဓာတ်ပုံတွေကလည်း
ကိုကိုဘယ်အချိန်ကရိုက်ထားမှန်း
မသိတဲ့ကပိုကယိုပုံတွေ။တစ်ချိန်က ဦးထင်အောင်ပုံတွေသာ
ပြည့်နေတဲ့ဒီနေရာက အခု့သူ့ပုံနဲ့ကိုကိုပုံ
တွေအများဆုံးနေရာယူလို့ထားပြီ။ဆိုလိုတာက....ကိုကို ဦးထင်အောင်ကို
လုံးမေ့နိုင်ပြီဆိုတဲ့သဘော။
သူမျက်ရည်ကျမတတ်ပျော်မိတာ
ဆန်းတောဆန်းမည်မထင်။" ကျုပ်ခေါ်လာတဲ့နေရာကို
ကြိုက်လား'''' ဟင်.. ''
" လက်ဆောင်လေ..ကျုပ်တို့ရဲ့
မဂ်လာမဆောင်ခင်အမှတ်တရလက်ဆောင်
လေးပေါ့..ကြိုက်ရဲ့လား''?" အွန်..အွန်အွန်..ကြိုက်တယ်..
အရမ်းဘဲ..ကြိုက်လွန်းလို့..ငွေရှင်း
ရူးတော့မယ်''" ရူးတော့မရူးလိုက်ပါနဲ့..ကျုပ်ကလေးလေးရာ
ကျုပ်အရူးလေးနဲ့လက်မထပ်နိုင်လို့ပါ''" ဟီး...''
သွားတန်းလေးတွေပေါ်အောင်ပြုံးရင်း
မျက်ရည်တွေဖိသုတ်နေသူ။ပျော်ရွှင်ရင်လဲမျက်ရည်ကျ။
ဝမ်းနည်းရင်လဲမျက်ရည်ကျ။
သူလေးမျက်ရည်တွေကမခမ်းနိုင်တော့
မည့်ပုံ။ပန်းချီတွေကို လိုက်ကြည့်နေသူလေးရဲ့
နောက်ကနေ.ခါးကြားလက်ထိုးဝင်ကာ
ထွေးဖက်လိုက်၍။" ကျုပ်တို့ ဒီအိမ္ကို ဒီအတိုင်းထား
ခဲ့ရင်ကောင်းမယ်မလား..ဒီအိမ်လေးက
ကောင်းခြင်းဆိုးခြင်း..အားလုံးစုပုံနေတဲ့
ကျုပ်နဲ့မင်းရဲ့အမှတ်တရတွေအများကြီး
ရှိနေတာ..ကျုပ်တို့တစ်နှစ်တစ်ခါအလယ်
ပြန်လာကြမယ်လေ''
YOU ARE READING
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Actionသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်