|| 2 ||

4.1K 189 12
                                    

Unicode

ကျယ်ဝန်းပြီးသန့်ရှင်းလှပတဲ့
အခန်းကြီးကိုခြေချလိုက်တာနဲ့
နာကျဥ်ခဲ့ရတဲ့အတိတ်နေ့စွဲက
နှလုံးသားကိုရိုက်ခတ်လာပြန်သည်။

ဒီအခန်းရဲ့ပိုင်ရှင်ကသတိုးရဲ့
ချစ်လှစွာသော " ဦး ” ဆိုသည့်လူ။
သတိုးနှလုံးသားထဲက
ဘယ်တော့မှဆွဲထုတ်လို့မရနိုင်တဲ့လူ။
သတိုးပါးစပ်ကဘယ်လောက်ဘဲ
အဲ့လူကိုမုန်းတယ်ပြောပြော
နှလုံးသားထဲအပြည့်ချစ်နေသေးတယ်
ဆိုတာဒီအခန်းကြီးကသက်သေဘဲ။

နံရံမှာချိတ်ဆွဲထားတဲ့ ပန်းချီကား
တွေအကုန်လုံးရဲ့ဇာတ်လိုက်က
တစ်ယောက်ထဲဘဲ။အဖြူရောင်
ရှပ်လေးနဲ့ယောပုဆိုးဝတ်ဆင်ထားတဲ့
အမျိုးသား။ပုံတိုင်းလိုလိုအနေအထားအမျိုးမျိုး
အဝတ်စားအမျိုးမျိုးနဲ့နေရာယူထားတယ်။

ကုတင်နံဘေထောင်ထားတဲ့
ဓာတ်ပုံတွေထဲမှာလဲတည်သန့်ပြီး
ခန့်ညားလွန်းတဲ့ထိုအမျိုးသားကနေရာယူထားဆဲ။

သတိုးရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့
ပုံတွေ။သတိုးပါးပြင်ကိုထိုအမျိုးသားအနမ်းပေး
နေတဲ့ပုံတွေ။သတိုးကတစ်လှည့်ပြန်ပြီး
အနမ်းပေးနေတဲ့ပုံတွေ။လှည်းယဥ်ပေါ်
ပုခုံးဖက်ကာပျော်ရွှင်နေတဲ့ပုံတွေ။
ပုံတိုင်းလိုလိုပြုံးနေတဲ့သတိုးအပြုံးတွေက
လှပလွန်းနေတယ်။အဲ့အပြုံးတွေက
အဲ့အမျိုးသားတစ်ယောက်အတွက်ဘဲ
သတိုးပြုံးပြတာ။ငွေရှင်းဆိုတဲ့
ကျွန်တော့အတွက်တောင်တစ်ကြိမ်မှ
မပြုံးပြခဲ့ဖူးဘူး။

မနာလိုလိုက်တာ။လက်ထပ်သွားတာတောင်
ခများကသတိုးရဲ့နှလုံးသားကိုအပိုင်
ရနေတုန်းဘဲ။တစ်စက္ကန့်လောက်ဖြစ်ဖြစ်
သတိုးခများအပေါ်ထားတဲ့အချစ်တွေကို
ရခြင်မိပါရဲ့။ဘယ်တော့မှမဖြစ်နိုင်မှန်း
သိရဲ့နဲ့မိုက်ရူရဲဆန်ပြီးဆုတောင်းနေမိတယ်။

" ငွေရှင်း.. ''!!!

မျက်ရည်အဝိုင်းသားနဲ့ငွေရှင်း
ဓာတ်ပုံတွေကိုကြည့်နေတုန်း
ကျယ်လောင်တဲ့ခေါ်သံကြောင့်
ခန္ဓာကိုယ်လေးပါတုန်ရီသွားရသည်။

" သ..သတိုး.. ''!

နီရဲနေတဲ့မျက်ဝန်းတွေနဲ့
သူ့ကိုစူးရဲစွာကြည့်နေတဲ့သတိုး။
ဆုတ်ထားတဲ့လက်သီးတွေကလည်း
ကျစ်လွန်းလို့အကြောစိမ်းတွေပါ
ထနေတယ်။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Donde viven las historias. Descúbrelo ahora