Unicode
မရောက်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေအိမ်လေးကို
ရောက်ပြီမို့..ငွေရှင်းတည်ဂုဏ်ရွှင်မြူးနေတော့သည်။မွေးရပ်မြေကိုပြန်ရတာဒီလောက်ပျော်တာတောင်
ပြန်ဖို့ပြောတုန်းက..ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့
အိညယ်အိညယ်လုပ်နေသေး၏။မောင်ငွေရှင်းတည်ဂုဏ်တို့များကျုပ်ချစ်သည်ဆိုကာမှ
တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာသည်မှာ
ကျုပ်ကဘဲဒေါသကုမ္မာရလား
သူလားဆိုတာပင်မခွဲခြားနိုင်တဲ့အထိ။" ကိုကို.. အိမ်ရောက်တော့မယ်''
" ပျော်လား..''!
" အင်.. ပျော်တာပေါ့..မေကြီးနဲအပါး..ရှိတဲ့
ဌာနေဘဲကို''" မင်းလေးပျော်ရင်ရပါပြီ..
ကိုယ်က..မင်းပျော်တာမြင်ရယုံနဲ့
ကျေနပ်ပါပြီ''" ဟီး..ဒါကြောင့်ချစ်တာ..''
" ကိုယ်ကလည်း..ချစ်တယ်နော်''
ကျုပ်လက်မောင်းပေါ်ခေါင်းတင်ပြီး
ချွဲနွဲ့နေသူ။ကျုပ်သည်လည်းဒီအပြု့အမှုတွေကြောင့်ဘဲ
တစ်နေ့ထက်တစ်နေ့ပိုပိုချစ်နေရသည်။အေးချမ်းသာယာလှတဲ့တောင်ကြီးမြို့ရရဲ့
အလှအပတွေကြား..ကျုပ်တို့ကားလေးဟာ
စိုက်ပျိုးရေးခြံလေးတစ်ခြံဆီဦးတည်မောင်းနှင်း
နေသည်။ရာသီဥက..သိပ်တော့မဟန်။မိုးမှိုင်းနေသည့်အတွက်
မကြာခင်မိုးရွာတော့မည့်သဏ္ဍာန်။သို့သော်
ထိုအခြေအနေလေးက..ပတ်ဝန်းကျင်ရဲ့စိမ်းစိုနေတဲ့
အလှအပကိုဖော်ပြနေသလိုဖြစ်၏။ကားဆိုက်လိုက်သည်နှင့်ပြေးကြိုနေကြသည့်
လူတစ်စု့။" သားတို့ရောက်လာပြီ..
မေကြီးဖြင့်..လာမှလာပါ့မလားလို့''"လာမှာပေါ့မေကြီးရ..လွမ်းနေတာကို''
ကားပေါ်ကဆင်းပြီး..သူ့အမေကိုသွားဖက်နေသူ။
မသိရင်သူလေးကအရမ်းလာချင်နေရှာခဲ့သည်ပုံ။
လာဖို့အရေး..ကျုပ်မနည်းပြောယူခဲ့ရသည်ကို
ဒီအဆိုးလေးကမေ့သွားပြီထင်ပါရဲ့။" မေကြီးကိုလွမ်းတယ်ဆို..အပါးကိုကော
မလွမ်းဘူးလား''" အာ..လွမ်းတာပေါ့..မေကြီးကောအပါးကော
ခြံထဲကလူတွေအားလုံးကော..လွမ်းနေတာပါနော်''