||29||

2.6K 131 10
                                    

Unicide

" သူဌေးအပြင်းဖျားနေတယ် ''

" ဆရာဝန်မခေါ်ထားဘူးလား'?

" မရဘူး..အကိုသွေး..သူဌေးက..သူ့အနားကို
ဘယ်သူ့မှအကပ်မခံတာ။ထမင်းစားဖို့မပြောနဲ့
နှစ်ပတ်လုံးအရက်ကြီးဘဲသောက်နေတာ
ဘယ်သူမှတားမရအောင်ဘဲ''

ဆေးရုံကဆင်းဆင်းခြင်းသူဒီဘားကို
ဒေါက်လျှောက်ပြန်ခဲ့တာ။နားရက်တောင်
မယူဘဲဘားကိုပြန်လာရတဲ့အကြောင်းအရင်းက
သူဌေးအခု့လိုတွေဖြစ်နေမှာကြိုသိနေလို့။

အခန်းတံခါးကိုတွန်းဖွင့်လိုက်တော့
လူရုပ်သူရုပ်တောင်မပေါက်အောင်
ဖြစ်ပျက်နေတဲ့သူဌေး။

အခုချိန်များဒါဒေါသကုမ္မာရသတိုးထက်အာဏာ
ပါလို့ပြောရင်မြင်ဖူးတဲ့လူကော
မမြင်ဖူးတဲ့လူပါယုံကြမှာမဟုတ်ဘူး။

နှစ်ပတ်အတွက်ရှည်လာတဲ့နှုတ်ခမ်းမွှေး
ပါးတိုင်းမွှေးပေါက်စတွေကထိုးလိုးထောင်လောင်။
ဒီထက်ပိုဆိုးဒါကနှစ်ပတ်ရှိပြီးဗိုက်ကအနာက
အခု့ထိပတ်တီးမှာသွေးစို့နေတုန်း။
အနာကအခု့ထိမကျက်သေးဘူးထင်တယ်။

အကျီ်အနက်ရောင်လက်ရှည်ကို
အရှေ့ကြယ်သီးအကုန်ဖြုတ်ထားတော့
ဝမ်းဗိုက်ကအဖူအထစ်တွေပါအတိုင်းသား
မြင်ရတဲ့အပြင်ဒဏ်ရာအနာကျက်မကျက်ပါ
တွေ့ရတယ်။

" သူဌေး..''

ပြောမနာဆိုမနာနေလာခဲ့တာ
ဆိုတော့ဘယ်သူ့မှအနားမကပ်ရဲပေမဲ့
သူကတော့ကပ်ရဲတယ်။

" ကျွန်တော်ဆေးရုံလိုက်ပို့မယ်''

" မလိုဘူး..အရက်သာထပ်ပေး''

" ကျွန်တော် သူကြီးတို့ကိုဘယ်လိုပြောလိုက်ရမလဲ''

​ပြောလိုက်တော့စွေကြည့်လာတဲ့သူဌေးက
ကလေးလည်းမဟုတ်ဘဲဆိုးခြင်နေတာ။

" ကျစ်..ဆေးခန်းဘဲသွားမယ်''

" စီစဥ်လိုက်မယ် ''

အားလုံးကိုသူနိုင်ပေမဲ့သူ့နိုင်ကွက်ဘာဆ်ိုတာ
သိထားတဲ့ဒီအရူးကိုယ်ရံတော်ကောင်ကိုတော့
သူမနိုင်ဘူး။

မအီမသာဖြစ်နေတဲ့ခန္ဓာကိုယ်က
ဆိုဖာပေါ်အိပ်နေရာထလိုက်တော့
ခေါင်းထဲကမိုက်ကနဲဖြစ်လာသည်။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now