|| 10||

3.4K 149 3
                                    


Unicode

" သတိုး..မနက်အစောကြီး.ဘယ်ကိုလည်း.. ''?

​မြဝင်းစျေပြန်တုန်း..ပြာတိပြာယာခြံထဲက
ထွက်သွားတဲ့သတိုးကိုမေးလိုက်ပေမဲ့
သတိုးကတော့ပြန်မဖြေ။လှည့်ပင်မကြည့်ဘဲ
ခြေလှမ်းကြဲတွေနဲ့လျှောက်သွားလေသည်။

" မမမြ.. ''

" ဟော့.. လူက.အခုမှနေကောင်းခါစ
ဘာလို့အစောကြီးထနေပြန်တာလည်း..
မြို့သားနော်.. မြို့သား..နောက်တစ်ခေါက်
ဖျားလို့ကတော့သူကြီးမမမြကိုသတ်လိမ့်မယ်''

မမမြ စကားကြောင့်ငွေရှင်းသဘောကျစွာ
ပြုံးလိုက်သည်။

" မမမြက သူကြီးကိုအရမ်းကြောက်တာဘဲနော်''

" ကြောက်တာပေါ့.. ကြောက်တာမှ
ခြေဖျားလက်ဖျားတုန်အောင်ကိုကြောက်တာ
အရင်ဆိုသူကြီးအိမ်မှာထောင်ထားတဲ့တံမြက်စည်းနဲ့
အရိုက်ခံတာအကြိမ်ကြိမ်ဘဲ''

" ဟက်.. !! သူကြီးရိုက်အောင်
မမမြကလည်းဆိုးလို့ဖြစ်မှာပေါ့''

" အမလေး..မမမြကအဲ့လောက်မဆိုးပါဘူး။
သူကြီးကကိုအဖြစ်သည်းတာ။သူ့ယောကျာ်း
လင်းလက်ရာရဲ့အသားကိုရိုးရိုးသားသား
လေးထိရင်တောင်ရိုက်တာ''

" ဟင်.. ''

" အမှန်ပြောရရင်သဝန်ကြောင်တာပေါ့ ''

" ဟက်.. မမမြ သူကြီးအတင်းတုတ်နေတာလား''?

" မတုတ်ရဲပါဘူး..မမမြက မှန်တာပြောတာ''

" မမမြကတော့..ကလေးကျနေတာဘဲ..''

မြဝင်းအရှေ့ကကောင်လေးပြန်ပြုံးရယ်လာတာ
မို့သူလည်းပျော်နေမိသည်မှာအမှန်။

" ကဲပါ..သူများအကြောင်းပြောလို့
ဗိုက်ဝမှာမဟုတ်ဘူး..ဗိုက်ပြည့်ဖို့
ချက်လိုက်အုန်းမယ်''

" ငွေရှင်းလည်း..ချက်ကူမယ်လေ''

" အမလေး..နေပါတော်..
ကျူပ်ဟာကျုပ်ချက်ပါ့မယ်.. ဒါနဲ့
သတိုးဘယ်ထွက်သွားဒါလည်း..စောစောစီးစီး''

မမမြအမေးကြောင့်ငွေရှင်းသွားညီညီလေး
တွေပေါ်တဲ့အထိပြုံးလိုက်သည်။

" ဟီး... ငွေရှင်း..ရှမ်းခေါက်ဆွဲစားခြင်လို့
သွားဝယ်ခိုင်းတာ''

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now