Unicide
စကားမပြောမတုန်မလှုပ်နဲ့သတိုးပုံစံက
သိပ်ကြောက်ဖို့ကောင်းတယ်။
ဘယ်ဝန်ထမ်းဘယ်အလုပ်သမားမှ
သူ့အနားမကပ်ရဲအောင်ကြောက်ဖို့
ကောင်းလွန်းနေတာ။
အရက်တွေသောက်ဆေးလိပ်ကိုလက်မချတဲ့
အပြင်သူ့အခန်းရှေ့ကလူဖြတ်လျှောက်တာ
တောင်အော်ငှောက်တဲ့အတွက်ဘယ်သူ
ဘယ်သူမှအနားမကပ်ရဲ။
ဗိုက်ကဒဏ်ရာကိုဆေးလာစည်း
လာခွဲပေးတဲ့ဆရာဝန်တောင်မျက်ရည်မျက်ခွက်
နဲ့ပြန်ထွက်သွားရသည်။
အခု့ချိန်ဘားမှာကိုသွေးမရှိတာအဆိုး
ဆုံးဘဲ။ကိုသွေးဒါရှိရင်ဘာလုပ်လုပ်
ဘာကိုကိုင်သွင်ကိုဆူမှာမဟုတ်ဘူး။
သွင်ကအကိုသွေးရဲ့ညီဝမ်းကွဲ။ဘားကို
အလုပ်ဝင်ဒါမကြာသေးတဲ့အပြင်
သူဌေးနဲ့လဲသိပ်မရင်းနှီးဘူး။
အခုချိန်မှာအကိုခိုင်သော်ကလည်းမရှိ။
ကိုသွေးဆေးရုံတက်နေရလို့ဆေးရုံစောင့်
လိုက်သွားတယ်။
သူဌေးနဲ့သွင်ဘယ်လိုနှစ်ပါးသွားရအုန်းမည်မသိ။
သွင်ငိုဒါငိုခြင်လာမိသည်။
သတိုးထက်အာဏာဒီနေရာမှာထိုင်နေတာ
တစ်ရက်ကျော်ပြီ။စားဖို့လည်းစိတ်မဝင်စား
သလိုအိပ်ဖို့လည်းစိတ်မဝင်စားဘူး။
အရက်သောက်ဆေးလိပ်သောက်နေရရင်
သူ့အတွက်ဖြစ်ပြီ။
" သွင်..!!''
ပျင်းရှရှအမိန့်သံကသွင်ရဲ့ကြောက်တဲ့
စိတ်ကိုပိုပြင်းထန်စေသည်။
သို့သော်သူမသွားလို့လည်းမရ။
" လာ..လာပြီဗျ ''
အနားရောက်သွားဒါနဲ့ကုန်နေတဲ့အရက်ပုလင်း
ကိုလက်ညိုးထိုးပြီး။
" အရက်. "
" သူဌေးများနေ..''
" ဒုန်း... ''!
" အခုယူလိုက်မယ်ဗျ''
ခုံစောင်းတစ်ချက်ထု့သံကဘားမှ
ဆက်မပြောနိုင်လောက်အောင်ဖြစ်ပြီး
အရက်ယူဖို့အပြင်ထွက်ခဲ့ရသည်။
" သူဌေးအတွက်..အရက်ပုလင်း''
"ကိုသွင်..ဒါနဲ့ဆို..တစ်ရက်ထဲကိုးလုံးရှိပြီနော်
သူဌေးမှောက်သွားလိုက်မယ်''
VOCÊ ESTÁ LENDO
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Açãoသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်
