||6||

3.2K 162 12
                                    

Unicode

သတိုးထက်အာဏာ ပြန်ရောက်နေတဲ့
သတင်းကမိုးလင်းတာနဲ့ခရေးတန်ရွာ
ေစျးလေးမှာဟိုးဟိုးကျော်
ပျံနှံ့လို့နေလေပြီ။

မနက်အစောကြီးထတတ်တဲ့ငွေရှင်း။
အိမ်မှာနေရမှာပျင်းတာကြောင့်
မမမြဝင်းနဲ့စျေးဝယ်လိုက်ခဲ့လိုက်သည်။

ငါး။ဝက်သား။ကြက်သား။
ငါးချဥ်။ငါးဆုတ်။အမဲသား။
အစရှိတဲ့အသားစိမ်းငါးစိမ်းတွေကို
ခြေမျက်စိလောက်မြင့်တဲခုံတန်းရှည်ကြီးပေါ်
မိုးကာစိမ်းတွေမိုးကာဖြူလေးတွေကိုဖြတ်ပြီး
ထိုအပေါ်ချခင်းကာရောင်နေကြသည်။

ဟင်းသီးဟင်းရွက်တွေနဲ့ချက်ဟင်းတွေ
မုန့်တွေကိုလည်းထို့နည်းတူချခင်းရောင်းချနေသည်။

ငခူးကြီးတွေက လတ်လတ်ဆတ်ဆတ်ကြီး
တွေရှိနေပြီးအသင့်ရောင်းနေတဲ့
မုန့်ညှင်းချဥ်နဲ့ရောပြီးချက်ရင်
သတိုးသိပ်ကြိုက်ပြီးထမင်းစားမှိန်လိုက်မည်။

" မမမြ.. ''

" ရှင့်.. ''

စျေးထဲမှာဘာဝယ်ရမလဲတွေးနေတဲ့
မြဝင်းသူနဲ့အတူပါလာတဲ့မြို့သားလေး
အခေါ်ကိုလှည့်မကြည့်ဘဲယဥ်ယဥ်ကျေးကျေး
လေးပြန်ထူးလိုက်သည်။

" ဒီနေ့.. ကျွန်တော် ဟင်းစီစဥ်လို့ရမလား''?

" ဘယ်လို..မြို့သားလေးကလား.. ''?

" ဟီး..ဟုတ်..ရလားမမမြ ''

မြဝင်းမြို့သားကောင်လေးကို
အံသြစွာကြည့်ပြီးတစ်ချက်ပြုံးကာ
လက်ထဲကစျေးခြင်းနဲ့ပိုက်ဆံအိတ်ကို
လက်ထဲအပ်လိုက်သည်။

" မြို့သားလေး..လက်ရာ.
စားကြည့်ရမှာပေါ့ ''!

" ဟီး.. !! စိတ်ချ..
လျှာလယ်သွားစေရမယ် ''

" ဟုတ်ပါပြီ..ဟုတ်ပါပြီ ..
ကဲ..ဘာဟင်းချက်ဖို့ သွားဝယ်ကျမလဲ''

" အရင်ဆုံး..ငါးရောင်းတဲ့နေရာဘက်
သွားမယ်''

" အင်..သွားမယ်.. ''!

စျေးကမနက်အစောကြီးလေးနာရီငါးနာရီ
အချိန်ဆိုလူအစည်ဆုံးအချိန်ဘဲ။အဲ့အချိန်ထက်
ကျော်သွားရင်တော့လူကွဲသွားသလိုစျေးထဲမှာလဲ
ဘားမှရှိတော့မည်မဟုတ်။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Opowieści tętniące życiem. Odkryj je teraz