||15||

3.3K 167 10
                                    

Unicode

"  နောက်နှစ်ပတ် ''!!

" အဲ့တာ ဘာဖြစ်တာလည်း.. မြစ်ကြီးနားမှာ
မနေခြင်တော့တာလား''?

" မဟုတ်.. ''!

မနေခြင်တာတော့မဟုတ်ပေမဲ့
နေဖို့မရဲတော့တာလို့ပြောရမယ်ထင်တယ်။
ဒီရောက်တဲ့ပထမရက်မှာဘဲသူ့ကြောင့်
သတိုးပြသနာဖြစ်ရတယ်။

ဖြစ်တဲ့လူကလည်းသူကြားရသလောက်ဆို
တစ်ကယ့်အကြီးစားလူထဲက။
ဘယ်လိုဘဲဖြစ်ဖြစ်ဒေါသသိပ်ကြီးတဲ့
သတိုးကိုသူ့လူတွေမရှိတဲ့ဒီနယ်မြေမှာ
ပြသနာထပ်မဖြစ်စေခြင်တော့ဘူး။

" ပြသနာ မရှိရင်..ကျုပ်နဲ့အပြင်သွားဖို့
လုပ်ထား နာရီဝက်နေရင်အပြင်သွားမယ်''

" အပြင်.. ဘာသွားလုပ်မှာလည်း ''

" စိတ်ချငွေရှင်းတည်ဂုဏ်..
မင့်ကိုမရောင်းစားထားဘူး''

ပေကပ်ကပ်အကြည့်နဲ့နားဝင်မချိုတဲ့
စကားပြောပြီးခုနှစ််ရှစ်ဆယ်ဘိုးတော်လို
ထိုင်ခုံမှာထိုင်ပြီးဆေးလိပ်သောက်နေတဲ့သတိုး။

ငွေရှင်းတည်ဂုဏ်.. ဘားမှဆက်မပြောတော့ဘဲ
အပြင်သွားရန်ရေချိုးဖို့ပြင်တော့သည်။

" ဒေါက်.. ''!!

" ဒေါက်.. ''!!

" သတိုးထက်အာဏာ.. ''!!

" သတိုးထက်အာဏာ.. တံခါးဖွင့် ''!!

အပြင်ဘက်ကတံခါးခေါက်သံနဲ့အတူ
ထွက်ပေါ်လာတဲ့ပြာယာခတ်နေတဲ့အသံတစ်ခု။

သတိုးအခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး။

" ဘာလို့ အဲ့လောက်အော်နေတာလည်း..!!
ကျုပ်နားမလေးဘူး.. ''!!

" ရန်ရှာဖို့ဘဲ စဥ်းစားမနေနဲ့..
အပြင်မှာမင့်ပထွေးတွေတောင်းကြမ်းနေပြီ''!

" ဘာ.. ''

အေးစက်စက်လေသံနဲ့ သတိုးမျက်မှောင်
ကုတ်ကြည့်လိုက်၏။

***

လူအယောက်နှစ်ဆယ်လောက်ရဲ့
လက်ထဲမှာသံတုတ်ချောင်းတွေ
ကိုယ်စီနဲ့ဟိုတယ်အတွင်းကတွေ့သမျှ
ပစ္စည်းတွေကို ရိုက်ခွဲနေပြသည်။

ဟိုတယ်ဝန်ထမ်းတွေမှာလည်း
ကြောက်လွန်းလို့ဂျောင်ထဲမှာကုတ်နေ
လေပြီ။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now