Unicode
အပိုင်း..40
တောင်ကြီးရောက်တဲ့နေ့ကတည်းက
ဖမ်းလို့မမိတဲ့ကျုပ်ရဲ့သတို့သားလောင်းပင်။
ဖေကြီးနှစ်ယောက်နဲ့ငွေရှင်းမိဘ
တွေလည်း..ရယ်လိုက်မောလိုက်နဲ့
သင့်မြတ်နေကြသည်မှာ..အခု့မှတွေ့ဖူးတဲ့
လူတွေလို့တောင်မထင်ရဘူး။
လှပတဲ့ပန်းစိုက်ခင်းကြီးထဲပြင်ဆင်ထားတဲ့
မဂ်လာအခန်းအနားက...လှပရုံတင်မက
စိုက်ခင်းကြီးရဲ့နောက်ခံအလှကြောင့်..
ရူမောလို့မဆုံးနိုင်အောင်ရင်ထဲထိ
အေးချမ်းမှု့ပေးစွမ်းသည်။
မဂ်လာပွဲကမနက်ဖြန်။သို့ပေမဲ့ကျုပ်သတို့သား
ငွေရှင်းတည်ဂုဏ်ကတော့..ဘယ်ရောက်နေလဲ
ကျုပ်မသိ။
ဒေါ်နှင်းနွယ်တို့လင်မယားနဲ့တစ်နေ့တစ်နေ့
အပြင်ဘဲထွက်ထွက်နေသည်။
သတို့သားနှစ်ယောက်ပန်းနု့ရောင်တိုက်ပုံနဲ့
ပန်းနု့ရောင်အကွက်စိတ်ယောပုဆိုးနှစ်စုံ
တို့မှာလည်း..အခု့ထိစမ်းဝတ်ကြည့်မဲ့လူ
မရှိသေးလို့မဂ်လာကုတင်ပေါ်မှာ
ခေါက်ရက်ကလေးအဖော်မဲ့လို့။
"သားကြီး..သား.. အထဲမှာရှိလား
ခဏအပြင်ထွက်ခဲ့အုန်း...ဖေကြီးပြောစရာ
ရှိလို့''
" ကျုပ်လာပြီဖေကြီး''
သတိုးဖေကြီးလက်ရာအသံကြောင့်
အခန်းတံခါးသွားဖွင့်လိုက်သည်။
" သားကြီး..ကောင်လေးကော
မပြန်လာသေးဘူးလား''
" ကျုပ်မသိဘူး...ဖေကြီးရဲ့
သူငယ်ချင်းတစ်ဖြစ်လဲ
မွေးစားသမီးကြီးကိုသာ
ဖုန်းဆက်ပြီးလှမ်းမေးလိုက်''
ကျုပ်ဆောင့်ဆောင့်အောင့်အောင့်
ဖြေတော့ဖေကြီးလက်ရာကကျုပ်ကိုကြည့်ပြီးရယ်သည်။
" ဘာရယ်တာလဲဗျာ ''
" ဟော့ဟော့..ဒေါသတော့
မထွက်လိုက်ပါနဲ့ဗျာ..မဂ်လာသတို့သားဆိုတာ
ရွှင်ရွှင်ပြပြလေးနေရတယ်.အခု့လိုစုပုတ်မနေရဘူး
လာ....အောက်ဆင်းရအောင်သားညီမလေး
နု့ဝေရောက်နေပြီ''
" ဟင်..အဲ့ဆရာမကဘာလာလုပ်တာလဲ'?
" သြော်..ကိိုယ့်အကိုမဂ်လာကိုလာတာပေါ့
ဘယ်လိုကြီးမေးလိုက်တာလဲ..
လာလာ..ဆင်းမယ်''
VOCÊ ESTÁ LENDO
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Açãoသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်
