||35||

2.9K 122 14
                                    

Unicode

" ငွေရှင်းတည်ဂုဏ်. ''!

" ဟီး..ကိုကို ''

နေကောင်းဒါမကြာသေးဘူး။ခေါင်းပတ်တီး
အဖွေးသားနဲ့မီးဖိုထဲဝင်နေသူ။
အလုပ်သမားတွေရှိနေတာကိုကိုယ်တိုင်
ဝင်ချက်နေတော့ သတိုးထက်အာဏာ
ဒေါသဖြစ်သွားခြင်း။

သို့သော်ထိုဒေါသတွေသည်။
သွားညီညီလေးတွေပေါ်တဲ့အထိ
ရယ်ပြလာတဲ့နီသာရဲလေးကြောင့်ကြက်ပျောက်ငှက်
ပျောက်ပင်။

သတိုးထက်အာဏာသူ့ဒေါသကို
လျော့ချလိုက်ပြီးကောင်လေးလက်ထဲက
ဟင်းမွှေဇွန်းကြီးကိုယူလိုက်တော့
မျက်လုံးလေးပေကလပ်ပေကလပ်နဲ့
ကြည့်လာသည်။
လက်ကလေးကလည်းသူ့ပတ်တီးလေးကို
ပွတ်ရင်းဖြင့်။

" ကျုပ် ချက်လိုက်မယ်..သွားနားနေ ''

" အာ..ဟို..ငွေရှင်းက..ငါးအရည်ပုံဗန်နဲ့
ချည်ချည်စပ်စပ်လေးချက်ခြင်တာ
တောချက်လေး.. မမမြချက်ကျွေးသလိုလေးစား
ခြင်တာ..ကိုကိုလုပ်တတ်ရဲ့လား''?

မယုံကြည်သလိုမေးနေသူကို
သတိုးမျက်စောင်းထိုးပြီး။

" ကျုပ်ကတောသားလား..မင်းလေးက
တောသားလား''?

ထိုအခါမှဇက်လေးပုသွားပြီး
သတိုးရှိရာလက်ညိုးထိုး၍။

" ကိုကိုကတောသားပါ..ဒါပေမဲ့''

" အစပ်အများကြီးမစားရဘူး..
ကျုပ်မင်းပါးစပ်အစပ်အဟပ်တည့်အောင်
ချက်ပေးမယ်..ဒါကြောင့်ဟိုခုံမှာ
အသီးစာရင်စောင့်နေ''

အလိုမကျတဲ့ပုံနဲ့..နှုတ်ခမ်း​ေလးစူပြီး
သူညွှန်ပြတဲ့ခုံကိုငှဲ့ကြည့်၍
ခြေဆောင့်ကာသွားထိုင်နေသည်။

အဆင်ပြေလားည်နှင့်အမျှဒီနီသာရဲလေးက
အတိုးချပြီးဆိုးဆိုးလာသည်။

ရေအများကြီးမထည့်ဘဲ
ရေစပ်စပ်လေးနဲ့အသာနပ်ထားတဲ့
ဟင်းအိုးထဲကိုရေနည်းနည်းထပ်လောင်းထည့်
ပြီးအဖုန်းအုပ်ရင်းအနောက်လှည့်ကြည့်
လိုက်တော့..ခုဏကခြေဆောင့်သွားသူလေးက
သူ့မဟုတ်သလိုစားပွဲတင်ထားတဲ့
ပြားလိမ္မောသီးအလုံးသေးလေးတွေကို
အခွံနွှာလိုက်တစ်လုံးတစ်လုပ်နှုန်းနဲ့
စားသောက်နေသည်မှာမှန်ရေယှက်ရေ။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now