||26||

2.7K 128 2
                                    

Unicode

ဒီအတိုင်းဒါဆို..စိုးလွင်ဆိုတဲ့မလောက်လေးမလောက်စားက
သူ့ကိုလူသတ်အောင်ရန်စနေတာဘဲ။
လက်မှာကိုင်ထားတဲ့ဖုန်းထဲက
စာတစ်စောင်ကသူ့ဒေါသကိုဆွနေပြီ။

ချလောက်..ဆိုတဲ့ရေချိုးခန်းတံခါးဖွင့်သံကြောင့်
စာကိုအမြန်ဖျက်ဖုန်းကိုခေါင်းအုံးပေါ်
ပစ်တင်လိုက်သည်။

ရေချိုးခန်းထဲကရေချိုးတစ်ဘက်ပတ်ပြီး
ကုတ်ကုတ်ကလေးထွက်လာသူကို
ကြည့်ပြီးအပိုတစ်ဘက်တစ်ထည်
ဆွဲယူကာရေစိုနေတဲ့ဆံပင်တွေပေါ်
ပစ်တင်လိုက်သည်။

" ဆံပင်ကို အရင်သုတ်လိုက်''

'' အေးနေတယ်လေ..အဝတ်စားအရင်ဝတ်
ခိုင်းအုန်း''

'' အဲ့ဒါကျုပ်လုပ်လိုက်မယ်..
ခေါင်းဘဲသုတ်လိုက်''

ငွေရှင်းဘားမှဆက်မပြော။ကိုကိုခိုင်းတဲအတိုင်း
ဆံပင်ကိုဘဲခြောက်အောင်သုတ်သည်။
သူ့ဆံပင်တွေသုတ်နေတုန်းအကျီ်အဖြူ
တစ်ထာ်ကိုင်လာတဲ့ကိုကို။

အခုမှအကျီ်မဝတ်တတ်တဲ့ကလေးဘဝကို
ငွေရှင်းပြန်ရောက်သွားသလိုဘဲ။

ဆံပင်သုတ်နေတဲ့လက်ကိုတစ်ဖက်စီဆွဲယူပြီး
ကိုကိုစိတ်ကြိုက်အကျီ်ကိုဝတ်ပေးနေတာ။

ခြုံးထားတဲ့တစ်ဘက်မှာလည်းကြမ်းပြင်မှာ
ပုံလို့။ခါးထက်ပတ်ထားတဲ့တစ်ဘက်ကို
ဆွဲချပြီးအောက်ခံဘောင်းဘီပါမကျန်
ဝတ်ပေးနေသည်။

ငွေရှင်းတည်ဂုဏ်ဆံပင်တောင်ဆက်မတုတ်နိုင်အောင်
မျက်လုံးလေးဝိုင်းစက်လို့ကျောက်ရုပ်လို
ရပ်နေမိသည်။

ရှက်နေတာလား။ဟင့်အင်း။သူမသိဘူး။
သေခြာဒါကမျက်နှာတစ်ခု့လုံးမီးအနားနီးနီးကပ်ကပ်
နေနေရသလိုပူနေတယ်ဆိုတာဘဲ။

သတိုးဝတ်ထားပေးတဲ့အဝတ်ကို
သေသေသပ်သပ်ပြင်ဆင်ပြီး
မော့ကြည့်လိုက်သည်။

အခု့အထိဆံပင်မခြောက်သေးဘူး။
မျက်လုံးအပြူးသားနဲ့သူ့ငိုမတုန်မလှုပ်
ကြည့်နေတုန်း။

" ငွေရှင်းတည်ဂုဏ် ''

ခေါ်လိုက်မှမျက်တောင်လေးခတ်ပြီး
တစ်ဟမ်းဟမ်းလုပ်လာသူ။
သတိပြန်ဝင်မှဆံပင်တွေကိုရှက်ကိုးရှက်ကန်း
သုတ်နေသူကိုအသည်းတစ်ယားယားနဲ့
ရပ်ကြည့်နေမိပြန်သည်။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now