||17||

3.2K 141 8
                                    

Unicode

နောက်တစ်နေ့မနက် ငွေရှင်းတည်ဂုဏ်
အိပ်ယာထတော့သတိုးအခန်းထဲရှိမနေတော့။

မနေ့ညကဒေါသထွက်ပြီးအပြင်ထွက်သွားဒါ
ညလယ်လောက်မှဘီယာနံ့သင်းသင်းနဲ့
အိပ်ခန်းထဲပြန်ရောက်လာတယ်။

ညနက်နေတာနဲ့ငွေရှင်းမချော့ဘဲ
အိပ်လိုက်တာ။မနက်မှချော့မယ်ဆိုတဲ့
အတွေးနဲ့။

အခုကျမိုးလင်းတာနဲ့သူကအခန်းထဲ
မရှိဘူး။

ငွေရှင်းအကျီ်လက်ရှည်​ခေါင်းစွတ်
အဖြူရောင်အပါးလေးနဲ့ဒူးခေါင်းအထက်
ဘောင်းဘီအတိုဝတ်လိုက်ပြီးသတိုးကိုရှာဖို့
အခန်းပြင်ထွက်လာလိုက်သည်။

" ငွေရှင်း.. မောင်လေး.. ''

" အစ်မ.. နှင်းနွယ် ''

အမြဲတမ်းမြန်မာဆန်ဆန်လေးလှနေတဲ့
အစ်မနှင်းနွယ်ကဘယ်အချိန်ကြည့်ကြည်
ရင်ထဲအေးမြစေသည်။

" မနက်စာ.စားပြီးပြီလားမောင်လေး''

" ဟင့်အင်း..သတိုးကိုလိုက်ရှာနေတာ''

" သတိုးလား.. ''?

" ဟုတ်.. ''

" သတိုး..ကားဝယ်သူနဲ့စကားပြောနေတယ်.
ဟိုတယ်အပြင်ဘက်မှာ..''

" ဗျာ. !. သတိုးကားရောင်းမလို့လား''?

" အင်..ငွေရှင်းမသိဘူးလား.. ''?

" ဟင့်အင်း.. ! "

သတိုး.ဘာလို့ကားရောင်ဘာလိမ့်။
ကားမရှိဘဲရန်ကုန်ဘယ်လိုပြန်မှာလဲ။

" မောင်လေးက..ကားအသစ်ဝယ်မလို့တဲ့လေ။
ဒါကြောင့်သူ့ကားရောင်းခိုင်းလို့အစ်မရောင်း
ပေးလိုက်တာ''

" အော်..''

" သွားမလား..အစ်မလိုက်ပို့မယ်''

" အင်... ''

မနှင်းနွယ်နဲ့အတူ..ဟိုတယ်အရှေ့ဘက်ကို
ငွေရှင်းထွက်လာခဲ့သည်။

အသားမဲမဲအရပ်မြင့်မြင့်လူတစ်ယောက်နဲ့
စကားပြောနေတဲ့သတိုး။တစ်လောကလုံး
သူ့လုပ်စာစားနေတဲ့ပုံနဲ့မျက်နှာကခပ်တည်တည်
​ဖြစ်နေသည်။

" ကျုပ်တို့..ငွေချေကြတာပေါ့''

" Ok..ေလ''

ထိုလူနဲ့ပြောနေတာကိုအတန်ကြာအောင်
ရပ်ကြည့်နေပြီးအားလုံးပြီးစီးသွားလောက်မှ။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Tempat cerita menjadi hidup. Temukan sekarang