Unicode
ကိုကိုအပြင်သွားတုန်းဝင်လာတဲ့
မက်ဆေ့ကသူ့ကိုတွေဝေသွားစေသည်။
" အရေးကြီးပြောစရာရှိလို့..အပြင်ထွက်ခဲ့ပေးပါလား''
ပြောစရာရှိသူကရှိလို့သူကအပြင်ထွက်တွေ့ပေး
လိုက်ယုံ။ရိုးရှင်းတဲ့မက်ဆေ့ဖြစ်ပေမဲ့
အပြင်မထွက်ခင်တစ်တွတ်တွတ်မှာသွားတဲ့
ကိုကိုရဲ့ဘယ်သူခေါ်ခေါ်အပြင်လုံးဝ
မထွက်နဲ့ဆိုတဲ့စကားကြောင့်ဒီမက်ဆေ့က
ထူးဆန်းသွားဒါ။
ပိုလို့ထူးဆန်းဒါကပိုတဲ့လူက
ကိုကြီးစိုးဖြစ်နေတာဘဲ။
ငွေရှင်းအပြင်ထွက်သင့်မထွက်သင့်စဥ်းစားရင်း
စိတ်တွေရောင်းယှက်ခတ်နေသည်။
" သား..ငွေရှင်းတည်ဂုဏ်''
မေကြီးအခန်းထဲရောက်လာတာတောင်
မသိတဲ့အထိသူအတွေးတွေလွန်နေခဲ့တာ။
" ဘာတွေတွေးလွန်နေတာလဲ''
" ဒီမှာ..ေမကြီး''
လက်ထဲကဖုန်းကိုမေကြီးဆီပေးလိုက်သည်။
မေကြီးတစ်ခဏတော့မျက်မှောင်ကုတ်သွားပြီးချက်ခြင်း
သူ့ကိုဖုန်းပြန်ပေးကာ။
" မောင်သတိုးထက်အာဏာမရှိတုန်း..
သွားတွေ့လိုက်သား..သူသိရင်
သားကိုလွှတ်မှာမဟုတ်ဘူး''
" ဒါပေမဲ့..အပြင်လုံးဝမထွက်ဖို့
သူမှာသွားတယ်မေကြီး''
" သူသိတာမှမဟုတ်သားရယ်..သွားတွေ့ပြီး
သူမရောက်ခင်အမြန်ပြန်လာလိုက်ပေါ့''
မေကြီးပြောသလိုသူလုပ်သင့်လား။
အဲ့လိုဘဲလုပ်လိုက်ပါမယ်.။
ကိုကိုသိတာမှမဟုတ်။
" အင်..သားသွားတွေ့လိုက်မယ်မေကြီး''
သူရေအမြန်ချိုးပြီးမေကြီးပြောသလို
ကိုကိုမသိခင်သွားတွေ့ပြီးပြန်လာဖို့
လုပ်လိုက်သည်။
...
ကားမောင်းထွက်ဖို့ပြင်နေတဲ့သူ့ကိုအပါးကတော့
ဘယ်လဲငါ့သားလို့တော့မေးပါတယ်။
ကိုကိုနဲ့အပကတစ်ဖက်ထဲသားတွေ
ဆိုတော့ဒီနားလို့လိမ်လိုက်ရတယ်။
မဟုတ်ရင်ကိုကို့အမိန့်လွန်ဆန်ဒါ
ကိုကိုသိသွားမှာပေါ့။
ESTÁS LEYENDO
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Acciónသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်
