|| 4 ||

3.6K 174 4
                                    

Unicode

လုပ်ခြင်ရာလုပ်ပြီးအပြစ်လွှတ်အောင်
လုပ်နိုင်ဆုံးလူဆိုရင်ငွေရှင်းတည်ဂုဏ်
ကိုသာပြရလိမ့်မည်။

အခုလည်းကြည့်လေကျုပ်တန်ဖိုး
အထားရဆုံးဖေကြီးနှစ်ယောက်ရဲ့
ဓာတ်ပုံဘောင်ကိုကျကွဲအောင်လုပ်ပြီး
သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်
ပြုံးထားတယ်။ပြီးကျရင်
ပြောလာတဲ့စကားလေးက။

" ငွေရှင်းမသိဘူး.. ငွေရှင်းမလုပ်ဘူး'' နဲ့။

သတိုး အဝတ္ဗီယိုထဲက ပေါ့ပါးစေမဲ့
အဝတ်တစ်စုံကိုထုတ်ဝတ်လိုက်ပြီး
မျက်လုံးကလည်ကလည်နဲ့ရပ်နေတဲ့
အရူးလေးလက်ကိုဆွဲကာ
အောက်ထပ်ကိုခေါ်ဆင်လာခဲ့လိုက်သည်။

" ထိုင်.. ''!

" သ..သတိုး.ဟိုလေ..ငွေရှင်း
ဗိုက်..ဗိုက်ဆာလို့ ''

" ငွေရှင်း.. ''!!

" ဟင့်.. ''

သိတယ်လေ..ဒီအရူးလေး..
လက်ဆေးထည့်ခံရမှာကြောက်ပြီး
ဗိုက်ဆာတယ်အကြောင်းပြကာ
ထွက်ပြေးဖို့ကြံနေမှန်း။

အောက်နှုတ်ခမ်းလေးထှော်ကာ
ငြိမ်ကျသွားသူငွေရှင်းလက်ကိုသတိုး
လက်တစ်ဖက်နဲ့ဆွဲယူလိုက်ပြီး
က်န္လက္တစ္ဖက္ကိုက..ဆေးပုံး
အဖြူလေးကိုဖွင့်လိုက်သည်။

" ကြောက်ရင်လည်း..မကြည့်နဲ့လေ
မ်က္လုံးမွိိတၳား''

" .. ''

ဘားမှပြန်ပြောခြင်းမရှိ။မျက်လုံး
နှစ်လုံးကိုအားယူမှိတ်လိုက်ရှာသည်။

သတိုးတစ်ချက်ပြုံးလိုက်ပြီး
လက်ဝါးတည့်တည့်မှန်ကွဲ
ရှထားတဲ့နေရာကို ဂွမ်းစမှာ
အရက်ပျံတို့ပြီးဒဏ်ရာကိုဆေး
ပေးလိုက်သည်။

ပြီးတော့မှဆေးထည့်ကာ
ပတ်တီးသေခြာစည်းပေးလိုက်၏။

ဆေးထည့်လို့သာသူပြီးသွားဒါ
ဆေးထည့်တာကိုမိုးကြိုးအပြစ်
ခံရသလိုကြောက်နေတဲ့အရူးလေးကတော့
အခု့ထိမှိတ်ထားတဲ့မျက်စိကိုမဖွင်နိုင်သေး။

မျက်လုံးကိုတင်းကြပ်အောင်
ပိတ်ထားပြီးနဖူးကြောတွေ
တွန့်တက်နေအောင်ကြောက်နေပုံလေးက
သိပ်အသည်းယားဖို့ကောင်းတာမို့
သတိုးမနာအောင်နဖူးပြင်ကိုလက်ညိုးနဲ့
လက်မအသုံးပြု့ပြီးတောက်ချပေးလိုက်သည်။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Dove le storie prendono vita. Scoprilo ora