|| 45 ||

4K 139 3
                                        

Unicode

မဂ်လာပွဲပြီးလို့ လက်ဖွဲ့ပေးချိန်မှာ
ဝဠ်လည်မှာကြောက်နေတဲ့ သတို့သားနှစ်ယောက်။

သူတို့အလှည့်ခရမ်းသီးထည့်ပေးထားတော့
ကိုယ့်အလှည့်သူတို့ထက်ဆိုတာထည့်ထားမှာ
စိုးရိမ်နေတဲ့ပုံပင်။

လက်ဆောင်တိုက်ကိုကြည့်ပြီးဧည့်ခန်းမှာဖွင့်ဖို့
တောင်းဆိုသည်။လိုက်လျောလိုက်တော့
ဧည့်ခန်းမှာတင်..ဗူးကိုဖွင့်သည်။

အထဲမှာထည့်ထားတဲ့ပစ္စည်းတွေက ညစ်ညစ်ပတ်ပတ်
မပါဘူး။လက်ဖွဲ့အနေနဲ့ကားသော့တစ်ချောင်းရယ်
အသေးအဖွဲ့ပစ္စည်းအချို့ရယ်သာ။

" စိတ်ချမ်းသာပြီလား..''?

" ဟူး...ငွေရှင်းတည်ဂုဏ်ရဲ့ လက်ဖွဲ့က
မဂ်လာဦးခန်းထဲဝင်ရတာထက်ပိုရင်ခုန်ဖို့
ကောင်းတယ်.. ''

" ဒါဘဲလေ ကိုယ့်အလှည့်ညစ်ပတ်ထားတော့
ကလဲ့စားခြေခံရမှာကြောက်မှာပေါ့..
ငွေရှင်းတည်ဂုဏ်တို့က..ဖြူစင်ရိုးသား
ပါတယ်နော်..လက်စားလွယ်လွယ်လိုက်မချေတတ်ဘူး''

စူကာထှော်ကာအဟုတ်လုပ်နေတဲ့ချစ်ရသူကို
ကြည့်ပြီး.. သတိုးပြုံးနေမိသည်။
ခေါင်းကိုဖွဖွခါးယမ်းရင်း။

" တက်တော့..သွေး.. နားကြတော့''

" ဟုတ်သူဌေး.. သွားမယ်ကိုကို ''

" အင်.. သော်စစ်လေးအပ်ခဲ့မယ်နော်..
မြတ်သော်နဲ့..ဦးထင်အောင် ''

" အင်အင်.. သောစစ်လေးကို ဒီည
ထိန်းပေးပါ့မယ်''

ကလေးကို အပ်ပြီးမဂ်လာခန်းအိပ်ရာထဲ
ဝင်သွားကြတဲ့လင်လင်တွေကိုကြည့်ပြီ
ငွေရှင်းတည်ဂုဏ်ခွီးတော့သည်။

သဘောပေါက်တဲ့သတိုးကတော့
ပြုံးနိုင်ပေမဲ့ပွဲမှီယုံသာလာတဲ့လင်လင်နှစ်ယောက်
ဖြစ်တဲ့..ဦးထင်အောင်နဲ့မြတ်သော် သော်စစ်လေးကို
ပွေ့ထားရက်ဖြင့်..ငွေရှင်းတည်ဂုဏ်ရယ်သာကို
နားမလယ်နိုင်ဖြစ်နေကြသည်။

" ချလွင်း.. ချလွင်း.. ''

'' ဟင်... ''!

မဂ်လာအခန််းထဲက ေခါင်းလောင်းသံ
ကြောင့်အားလုံးအကြည့်ကမဂ်လာအိပ်ခန်းဆီပင်။
ပွဲဲကပင်ပန်းလို့အိပ်ဖို့ပြင်နေသူ
ငွေရှင်းမိဘတွေပါအသံကြောင့်
ထွက်လာကြလေသည်။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Onde histórias criam vida. Descubra agora